*******************
#တစ်ကယ်တော့လည်း
*သိထားသမျှတွေကအတုအယောင်
**မှတ်သားမိခဲ့သမျှတွေကလည်းအလွဲလွဲအမှားမှား
***ခံစားမိသမျှဟာလည်းဖောက်လွှဲဖောက်ပြန်
****ပြုပြုသမျှကလည်းတံလျပ်ရေထင်
*****ဆုပ်ကိုင်ထားတာတွေကလည်းငှက်ပျောတုံးလိုအခွံအဖတ်ဗလာသက်သက်အနှစ်မဲ့
#ဒါတွေကိုပဲအဟုတ်ထင်
လုပ်ရင်လုပ်သလောက်ပင်ပန်း
စွဲရင်စွဲသလောက်ဆင်းရဲဒုက္ဓသောကပရိဒေဝ
#ဒါပေမဲ့လည်းလေ
*****ငါငါငါငါတငင်ငင်ဖြစ်။
စွဲမှတ်ရစ်နေကြလို့သာပါ။
#အမှန်မြင်သူဗုဒ္ဓ
လမ်းဖွင့်ညွှန်ပြ
"ငါ၏ဥစ္စာမဟုတ်"
"ငါမဟုတ်"
"ငါ၏အတ္တမဟုတ်"
ဟုသင်တို့ရှုမြင်ရမည်။
#အမှန်ဖြစ်နေတာကိုအမှန်အတိုင်းမြင်တော်မူတဲ့ဘုရားရှင်ရဲ့ညွှန်ကြားချက်
*တိတိကျကျရှင်းရှင်းလင်းလင်းအထင်အတွေးကင်းကင်းပုဂ္ဂိုလ်သတ္တဝါအမြင်တွေမထည့်ကြည့်ပဲသဘောသက်သက်မနောဖက်လှည့်လို့စူးစိုက်
**သတိကိုအကြီးအမှူးတင်
***စူးစိုက်ကာတည့်တည့်ရှု
****လုံ့လပြုသုံးသပ်မှန်ရင်
*****"မင်းထင်ထားတာတွေဟာဘာမှမဟုတ်ပါဘူးကွာ"တဲ့
>ရှင်းရှင်းလင်းလင်းကြီးပြသွားကြတာကို
>>ဗုဒ္ဓပေးတဲ့ဉာဏ်မျက်စိနဲ့အရှိကိုအရှိအတိုင်းမြင်လိုက်တဲ့အခါ
>>>ဘယ်ဟာကိုမှဘယ်လိုမှဆုပ်ကိုင်ထားလို့မရမှန်းသိမြင်သွားရတာမို့
>>>>အလုံးစုံကိုစွန့်လွှတ်လိုက်ပြီးအရှိကိုအရှိအတိုင်းကြည့်မြင်နေလျက်ငြိမ်းအေးစွာချမ်းသာစွာပြည့်စုံစွာနေနိုင်လေတော့သည်ဟုသာ

No comments:
Post a Comment