###မနောဝိညာဏဓာတ်အထူးသိတတ်သောစိတ်###
****************
@#မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်စတဲ့အကြည်ဓာတ်ငါးမျိုးကမှန်လိုအရိပ်ထင်ပေးရုံလေးထင်ပေးလိုက်ကြပါတယ်။
>>အဲဒီမှာအဆင်းပုံရိပ်၊အသံပုံရိပ်၊အနံ့ပုံရိပ်၊အရသာပုံရိပ်၊အထိအတွေ့ပုံရိပ်တွေဟာမနောဓာတ်မှာဖျတ်ကနဲဖျတ်ကနဲအရိပ်ထင်ထင်သွားကြတယ်။
>>>ဒီဖြစ်စဉ်ကစိတ်ရဲ့ကနဦးအစ၊စိတ်ဖြစ်စဉ်တစ်ခုရဲ့အစဦးစွာအခြေအနေ။
>>>>ဒီအခြေအနေလေးမှာရုပ်သဘာဝတွေဟာစင်ကြယ်တယ်။
မှန်လိုလာထင်တဲ့ပုံရိပ်ကိုဖော်ပြရုံသက်သက်ကလေးပဲဖြစ်တယ်။
>>>>>ဒီအခြေအနေလေးမှာစိတ်ရဲ့သိရုံမျှသဘာဝလေးဟာလည်းစင်ကြယ်တယ်။
@#ဒါပေမဲ့အနန္တရသတ္တိကအခြားမဲ့နောက်တစ်ဆင့်ပဉ္စဝိညာဏ်(အာရုံငါးပါးအပေါ်သိသည့်စိတ်)ကိုဆက်ဖြစ်စေတယ်။အလွန်လျင်မြန်တဲ့သဘောနဲ့ဖြစ်ကြတာဖြစ်တယ်။
>>အဲဒီပဉ္စဝိညာဏ်(အာရုံငါးပါးအပေါ်သိသည့်စိတ်)တွေမှာဖဿ၊ဝေဒနာ၊သညာ၊စေတနာ၊ဧကဂ္ဂ္ဂတာ၊ဇီဝိတိနြေ္ဒ၊မနသိကာရ စတဲ့စေတသိက်တွေယှဉ်တွဲဖြစ်ပေါ်လာကြပါတယ်။
>>>အဲဒီဖြစ်စဉ်ကိုရောက်တဲ့အခါ"မနသိကာရ"ဟာအရေးပါတဲ့လုပ်ဆောင်ချက်ကိုပြုလုပ်ပေးတယ်။
>>>>ဖဿကအာရုံကိုထိတွေ့ခြင်းသဘောလေးမျှပဲဖြစ်တယ်။
*ဝေဒနာကလည်းအာရုံရဲ့အရသာကိုခံစားရုံမျှသဘောလေးပဲဖြစ်တယ်။
*သညာကလည်းအာရုံရဲ့အခြင်းအရာကိုမှတ်သားရုံမျှသဘောလေးပဲဖြစ်တယ်။
*စေတနာကလည်းထိုအာရုံပေါ်၌ဆိုင်ရာစိတ်စေတသိက်များဖြစ်ပေါ်ရွက်ဆောင်နိုင်ရုံမျှသဘောလေးပဲဖြစ်တယ်။
*ဧကဂ္ဂ္ဂတာကလည်းထိုအာရုံအပေါ်တည်မှုသဘောလေးမျှပဲဖြစ်တယ်။
*ဇီဝိတိနြေ္ဒကလည်းထိုအာရုံအပေါ်ဖြစ်ခိုက်စိတ်အခြေအနေရဲ့တည်မှုခဏသဘောမျှလေးပဲဖြစ်တယ်။
#အလုပ်လုပ်တာကမနသိကာရ
ဘယ်လိုနှလုံးသွင်းသလဲ???
#တဏှာ၊မာန၊ဒိဋ္ဌိတို့ဖြင့်နှလုံးသွင်းရှုမြင်သလား?????
#သတိသမာဓိပညာတို့ဖြင့်နှလုံးသွင်းရှုမြင်သလားဟုသုံးသပ်အပ်၏။
@#အနန္တရသတ္တိကအခြားမဲ့နောက်တစ်ဆင့်မနောဝိညာဏဓါတ်
အတွင်းသဘောကိုဆက်လက်ဖြစ်စေတဲ့စိတ်ဖြစ်စဉ်အခြေအနေမှာ
*တဏှာ၊မာန၊ဒိဋ္ဌိတို့ဖြင့်နှလုံးသွင်းရှုမြင်ခြင်း"အယောနိသောမနသိကာရ"အတွက်စွဲလန်းမှုဥပါဒါန်စိတ်တွေစူးစူးနစ်နစ်ဖြစ်ပေါ်စေလျက်ရှိကြတယ်။
>>ထိုစိတ်တို့သည်ယောကျာင်္း၊မိန်းမ၊ရွှေ၊ငွေ၊ကျွဲ၊နွားစသည့်သဏ္ဌာန်နိမိတ်ပုံတို့ကိုသာစွဲယူလျက်အာရုံအပေါ်ကပ်ငြိနေပြီးထိုထိုအပြင်အပဝတ္ထုတို့အပေါ်၌သာအမျိုးမျိုးအထွေထွေကြံစည်သုံးသပ်လျက်
>>>အတွင်းအဇ္ဈတ္တမနောဝိညာဏဓါတ်၌ဥပါဒါနက္ခန္ဓာများ(အမှတ်မှားအထင်မှားစွဲလမ်းစိတ်များ)အဖြစ်စူးစူးနစ်နစ်ဖြစ်လျက်ရှိကြ၏။ထိုစိတ်တို့ဆောင်သည့်ရုပ်သည်လည်း"ရူပုပါဒါနက္ခန္ဓာ"ဖြစ်လေတော့၏။
@#မှန်စွာနှလုံးသွင်းရှုမြင်ခြင်း"သတိ""သမာဓိ""ပညာ"တို့ဖြင့်"ယောနိသောမနသိကာရ"အကြောင်းပြုလေလျင်အနန္တရသတ္တိကအခြားမဲ့နောက်၌အာရုံငါးပါးအပေါ်သိသည့်စိတ်များနှင့်အတူဖဿ၊ဝေဒနာ၊သညာ၊စေတနာ စတဲ့စေတသိက်များချုပ်ခြင်းသဘောကိုထူးစွာသိမြင်အပ်လေ၏။
>>မနောဝိညာဏဓါတ်အတွင်းသဘော၌အာရုံတို့၏သဘောအမှန်ကိုလည်းထိထိမိမိအထူးသိရလေ၏။
>>>ထိုထိုအာရုံတို့၏ချုပ်ငြိမ်းနေခြင်းသဘော၊ပကတိကြည်လင်သန့်ရှင်းနေခြင်းသဘော၊ဖြစ်ခြင်းကင်း၍စင်ကြယ်နေခြင်းသဘော၊သန္တိချမ်းသာသဘောအားလည်းအတွင်းအဇ္ဈတ္တမနောဝိညာဏဓါတ်၌အထူးသိအပ်လေသည်သာတည်း။ ။
_____/!\_____
#ဓာတ်သုံးပါးအထူး#
မနောဓာတ်။ ။မနောဓာတ်သုံးပါးတွင် ပဉ္စဒွါရာဝဇ္ဇန်းသည် အသစ်ဖြစ်သော အာရုံကို ရှေးဦးစွာ တစ်ကြိမ်မျှ ယူရခြင်းကြောင့် သူများနောက်မှ ဆက်လက်၍ အာရုံကို ယူရသလောက်လည်းကောင်း, အကြိမ်များစွာ ယူရသလောက်လည်းကောင်း, ထိထိရောက်ရောက် မရှိချေ၊ ထို့ပြင် မှီရာဝတ္ထုချင်းမတူသော ပဉ္စဝိညာဏ်အား အနန္တရသတ္တိဖြင့် ကျေးဇူးပြုရသည့်အတွက် မှီရာတူသောစိတ်အား ကျေးဇူးပြုရသလောက်မသက်သာပေ၊ သမ္ပဋိစ္ဆိုန်းဒွေးလည်း မှီရာဝတ္ထုချင်း မတူသော, ပဉ္စဝိညာဏ်မှ အနန္တရသတ္တိဖြင့် ကျေးဇူးပြုခံရသောကြောင့် မှီရာတူစိတ်မှ ကျေးဇူးပြုခံရသလောက် အားမ ရှိချေ၊ သို့အတွက် "မနော ဧဝ-သိကာမတ္တ သိရုံမျှသာဖြစ်သော၊ ဓာတု-ဓာတ်တည်း" ဟူသော ဝိဂြိုဟ်အရ မနောဓာတ်ဟု မှည့်ခေါ်ရသည်။
#ပဉ္စဝိညာဏဓာတ်။ ။ပဉ္စဝိညာဏ်တို့ကား မိမိတို့မှီရာဝတ္ထု၌ တိုက်ရိုက်ထင်လာသော အာရုံကို အလွယ် တကူ ယူရုံသာဖြစ်၍ မနောဓာတ်ထက် သိမှု အားရှိကြပေသည်၊ သို့အတွက် သိခြင်းအနက်ဟော ဉာဏ သဒ္ဒါပေါ်တွင် ဝိဥပသာရပုဒ်ကို အမွှန်းတင်ပြီးလျှင် "ဝိသေသနမနောဓာတ်ထက် ထူးသောအားဖြင့်၊ ဇာနာ တိ-သိတတ်၏၊ ဣတိ-ထို့ကြောင့် ၊ ဝိညာဏံ-ဝိညာဏမည်၏" အရ ဝိညာဏဓာတ်ဟု ခေါ်သည်။ သို့သော် မှီ ရာမတူသော အာဝဇ္ဇန်းမှ အနန္တရသတ္တိကို ရ၍ မှီရာမတူသော သမ္ပဋိစ္ဆိုန်းအား အနန္တရသတ္တိဖြင့် ကျေးဇူးပြု သည့်အတွက် မှီရာတူစိတ်မှ ကျေးဇူးပြုခံရသလောက်လည်းကောင်း, မှီရာတူအား ကျေးဇူးပြုသလောက် လည်းကောင်း အားမပြည့်တတ်ချေ။
#မနောဝိညာဏဓာတ်။ ။မနောသဒ္ဒါလည်း "သိခြင်း" အနက်, ဝိညာဏသဒ္ဒါလည်း "အထူးသိခြင်း" အနက်, သဒ္ဒါနှစ်ပါးကို ယှဉ်ဖက်ထားသဖြင့် "အများကြီးသိ, သိပ်သိ, အလွန်အကျူး အထူးသိ" ဟူသော အဓိပ္ပာယ်ကို နားလည်နိုင်လောက်ပြီ၊ အလွန်အကျူး အထူးသိပုံမှာ-ဆိုခဲ့ပြီးစိတ်များကဲ့သို့ မဟုတ်ဘဲ, အာရုံ သစ်ကို ရှေးဦးစွာ ထွက်၍ မယူရခြင်း (မနောဒွါရာဝဇ္ဇန်းကဲ့သို့ ယူရစေကာမူ) မှီရာတူသောစိတ်မှ အနန္တရ သတ္တိဖြင့် ကျေးဇူးပြုခံရ၍, မှီရာတူသော နောက်စိတ်အား အနန္တရသတ္တိဖြင့် ကျေးဇူးပြုရခြင်းကြောင့် အာရုံ ကို သိရာ၌ ထိထိမိမိ သိကြသည်၊ သို့အတွက် "မနော ဧဝ-မနသည်ပင်၊ ဝိညာဏံ-အထူးသိတတ်သော စိတ်တည်း၊ မနောဝိညာဏံ-မနသည်ပင် အထူးသိတက်သောစိတ်"၊ ဤသို့ စိတ်အနက်ကို ဟောသော မနောနှင့် ဝိညာဏသဒ္ဒါနှစ်ခု ရော၍ "မနောဝိညာဏ" အမည်ရသည်။
[ဆောင်] အာရုံပြုဟန်,အတန်တန်ဝယ်,သာမန်သိသော,ဓာတ်သဘောကို,မနောဟုမှတ်၊မနောဓာတ်ထက်, လွန်တက်သိပြန်,ဝိညာဏံတည်း၊တစ်ဖန်ထို့ထက်,ဆတက်ကဲချွန်,အလွန်အကျူး,အထူးသိသော, ဓာတ်သဘောကား,မနောဝိညာဏ်,အမည်တွင်သည်,...ဤတွင် မှတ်ဖွယ်အချုပ်တည်း။
💝ဤကားပကိဏ်းပိုင်းဘာသာဋီကာ💝
Tuesday, November 6, 2018
Subscribe to:
Post Comments (Atom)
###ထိုနိဗ္ဗာန်သည်ရှိသည်သာတည်း### *********************** #ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိမြင်မှသာလျင်သဘောကျနိုင်ပါလိမ့်မည်။ *မှန်းဆ၍လည...
-
###မနောဝိညာဏဓာတ်အထူးသိတတ်သောစိတ်### **************** @#မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်စတဲ့အကြည်ဓာတ်ငါးမျိုးကမှန်လိုအရိပ်ထင်ပေးရုံ...
-
###ယောနိသောမနသိကာရ### *********************** @ ယောနိသောမနသိကာရ သင့်တင့်လျောက်ပါတ်စွာနှလုံးသွင်းခြင်း(လျော်စွာရှုခြင်း) သည်လွန်စွ...
-
###အယူစင်ကြယ်ခဲ့ပါမူ### ******************* @"ဒါမှန်တယ်" "ဒါမှအမှန်တရားစစ်စစ်" "မဟုတ်ဘူးမှားတယ်...

No comments:
Post a Comment