Tuesday, November 6, 2018

###အကယ်၍သာ###လျင်###
      ***************
@အကယ်၍သာမြင်တာကိုငါမြင်တာလို့နှလုံးသွင်းမမှားခဲ့ပါလျင်

@အကယ်၍သာကြားတာကိုငါကြားတာလို့နှလုံးသွင်းမမှားခဲ့ပါလျင်

@အကယ်၍သာနံတာကိုငါနံတာလို့နှလုံးသွင်းမမှားခဲ့ပါလျင်

@အကယ်၍သာစားတာကိုငါစားတာလို့နှလုံးသွင်းမမှားခဲ့ပါလျင်

@အကယ်၍သာထိတာကိုငါထိတာလို့နှလုံးသွင်းမမှားခဲ့ပါလျင်

@အကယ်၍သာတွေးတာကိုငါတွေးနေတာလို့နှလုံးသွင်းမမှားခဲ့ပါလျင်

@အကယ်၍သာအကြောင်းညီညွတ်ခိုက်အာရုံအာယတနဖြစ်ခြင်းမျှလို့အသင့်အားဖြင့်(အတွေးအကြံတွေမပါပဲရိုးရှင်းစွာ)နှလုံးသွင်းခဲ့ပါလျင်

@အကယ်၍သာဖြစ်ခိုက်အာရုံသိစိတ်သဘောကိုတည့်တည့်ရှုမြင်သုံးသပ်နိုင်စွမ်းရှိခဲ့ပါလျင်

@အကယ်၍သာစိတ်မှာထင်တဲ့သဏ္ဌာန်ပုံရိပ်အဟုတ်မှတ်ထင်စွဲမှတ်ယူမှုမပြုခဲ့ပါလျင်

@အကယ်၍သာဆုံခိုက်မှာပင်ဖြစ်ပေါ်ပျောက်ဆုံးအစအနမြူမျှမကျန်ကင်းနေပြန်ဟုအခြေမှန်ကိုသိခဲ့ပါလျင်

@အကယ်၍သာထိုသို့ရှိခြင်းအမြင်ရှင်းသည်သိနေခြင်းသည်သာတစ်စုံတစ်ရာတွယ်ငြိမရှိငြိမ်းလေ၏ဟုပကတိအရှိကိုအရှိအတိုင်းမြင်ခဲ့ပါလျင်

@အကယ်၍သာမြင်တဲ့အပေါ်မှာလည်းမတုန်လှုပ်ပဲအရှိတရားအပေါ်မှာအသိတရားနဲ့သာနေနိုင်ခဲ့ပါလျင်

#အကယ်၍သာပကတိအရှိတရားအပေါ်အသိတရားဖြင့်နေနိုင်လျင်အလုံးစုံတို့၌ငြိမ်းအေးချမ်းသာခြင်းသည်တည်လေ၏။

           #မေတ္တာအားဖြင့်သာ

No comments:

Post a Comment

###ထိုနိဗ္ဗာန်သည်ရှိသည်သာတည်း###         *********************** #ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိမြင်မှသာလျင်သဘောကျနိုင်ပါလိမ့်မည်။ *မှန်းဆ၍လည...