###ယောနိသောမနသိကာရ###
***********************
@ ယောနိသောမနသိကာရ သင့်တင့်လျောက်ပါတ်စွာနှလုံးသွင်းခြင်း(လျော်စွာရှုခြင်း)
သည်လွန်စွာအရေးကြီးလှပါသည်။
@အယောနိသောမနသိကာရ
မသင့်မတင့်နှလုံးသွင်းခြင်း(အတ္တဖြင့်ရှုခြင်း)သည်အာယတနအစဉ်မပြတ်သံသရာကိုသာဆက်စေသဖြင့်ဆင်းရဲတို့သာဖြစ်စေလေ၏။
***ငါမြင်သည်ငါကြားသည်ဟုနှလုံးသွင်းခြင်းသည်အယောနိသောမနသိကာရပင်ဖြစ်လေ၏။
***အတ္တဒိဋ္ဌိကိုအခြေခံလေ၏။
***မောဟဟေတုပင်မအကြောင်းခံ၏။
>>ထိုနှလုံးသွင်းမှားကြောင့်အာရုံသဘောတို့၌ကပ်ငြိမှုတဏှာသည်ဖြစ်လေ၏။
***လောဘဟေတုအကြောင်းပေါ်၏။
>>>အာရုံသဘောတို့အပေါ်ကပ်ငြိလျက်ဖောက်လွဲဖောက်ပြန်ပြုမူထိပါးမှုတို့ဖြစ်လေ၏။
***ဒေါသဟေတုအကြောင်းတည်း။
#ထိုအခါခန္ဓာအာယတနအစဉ်တို့သာဖြစ်ပေါ်နေလျက်စွဲမှတ်ယူမှုသညာအမှတ်မှားတို့ဖြင့်
>မတင့်တယ်သည့်"အသုဘ"သဘောဆောင်သည့်ရုပ်ကိုတင့်တယ်သည့်"သုဘ"ဟုလည်းကောင်း
>>ခဏမစဲချုပ်ပျောက်"အနိစ္စ"ပြနေသည့်သိမှုသဘောစိတ်ကို
အာရုံအပေါ်မသိမှုနှင့်အားထုတ်ပြုနေသောကြောင့်အစဉ်တန်းမပြတ်ဖြစ်နေခြင်းအားဖြင့်"နိစ္စ"ဟုလည်းကောင်း
>>>သုခဝေဒနာ၏အာရုံအရသာခံစားမှုသဘောသည်အာရုံသိစိတ်နှင့်အတူခဏမစဲချုပ်ပျောက်ကုန်ဆုံးနေလျက်"ဒုက္ခ"အဖြစ်ပြနေသော်လည်းငါခံစား၏ဟူသောအထင်ဖြင့်"သုခ"ဟုလည်းကောင်း
>>>>မှတ်သားမှုစေ့ဆော်မှုစသည့်သဘောများသည်လည်းအာရုံသိစိတ်တို့နှင့်ယှဉ်လျက်ဆိုင်ရာအညမညသဟဇာတ(အတူတကွအပြန်အလှန်)ကျေးဇူးပြုဖြစ်ပေါ်ကြပြီးဆိုင်ရာစိတ်နှင့်အတူတစ်ကွချုပ်ပျောက်သွားကြသည့်သူ့သဘောသူဆောင်နေခြင်း"အနတ္တ"သဘောကိုငါလုပ်နေသည်ဟုအထင်ရောက်လျက်"အတ္တ"ဟုလည်းကောင်းနှလုံးသွင်းမှားနေလျက်ဖြစ်ကြလေ၏။
#ရှင်တော်မြတ်သည်နှလုံးသွင်းမှန်ရန်တိတိကျကျဟောညွှန်ခဲ့ပါသည်။
"စက္ခုံစပဋိစ္စရူပေစဥပ္ပဇ္ဇန္တိစက္ခုဝိညာဏံ"
မျက်စိနဲ့အဆင်းတိုက်ဆုံတဲ့အခါမြင်သိစိတ်ဖြစ်ပေါ်လာပါတယ်လို့နှလုံးသွင်းတတ်အောင်လျော်စွာရှုမြင်တတ်အောင်လမ်းညွှန်ပေးခြင်းဖြစ်ပေ၏။
"ရူပါယတနံစက္ခုဝိညာဏဓါတုယာတံသမ္ပယုတ္တကာနဉ္စဓမ္မာနံအာရမ္မဏပစ္စယေနပစ္စယော"
အဆင်းသည်အာရုံပြုခြင်းသဘောအားဖြင့်မြင်သိစိတ်နှင့်အတူယှဉ်ဘက်ဝေဒနာသဘောသညာသဘောစသည့်စိတ်စေတသိက်များဖြစ်ပေါ်ခြင်းကိုကျေးဇူးပြု၏။
>>ထိုသို့နှလုံးသွင်းအပ်လေ၏။
>>>တရားတို့ကိုတရားအတိုင်းသိမြင်ရန်ထိုကဲ့သို့နှလုံးသွင်းရှုမြင်အပ်ကြောင်းဘုရားရှင်လမ်းညွှန်တော်မူလေ၏။
>>>ထိုကဲ့သို့သာ တရားတို့ကိုတရားအတိုင်းသိမြင်ရန်အတ္တမစွက်အမြင်ရှင်းလျက်နှလုံးသွင်းရှုမြင်နိုင်ပါလျင်
#မြင်သိစိတ်၏ချုပ်ခြင်းယှဉ်ဖက်ဝေဒနာသညာတို့၏ချုပ်ခြင်းကိုရိုးရှင်းစွာသိမြင်နိုင်၏။
#ထိုဆိုင်ရာအာရုံသိစိတ်တို့ချုပ်ခြင်းကိုလျော်စွာရှုမြင်သောအားဖြင့်အာရုံတို့၏သဘောအမှန်ကိုသိမြင်လေတော့၏။
#အာရုံတို့၏သဘောအမှန်ကိုသိမြင်ခြင်းအမောဟ(ပညိနြေ္ဒစေတသိက်)သည်ပင်အဝိဇ္ဇာအမှောင်ပျောက်လျက်ဝိဇ္ဇာအလင်းရောက်ခြင်းမည်ပေ၏။
#ယောနိသောမနသိကာရ၏အရေးပါခြင်းခရီးဆုံးသို့ပို့ဆောင်နိုင်ခြင်းကိုသိအပ်၏။
_____<><><>______
###ပဌမသေခသုတ်###
----******-----
၁၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ ဤယောနိသောမနသိကာရသည် အရဟတ္တဖိုလ်သို့ မရောက်သေးသော အတုမရှိ မြတ်သော အရဟတ္တဖိုလ်ကို တောင့်တလျက် နေသော သေက္ခရဟန်း၏ အတွင်းအဇ္ဈတ္တဖြစ်သော အကြောင်းအင်္ဂါတည်းဟု နှလုံးပြု၍ ကျေးဇူးများသကဲ့သို့ ဤအတူ ယောနိသောမနသိကာရမှတစ်ပါး အခြားကျေးဇူးများသောတရားတစ်ခုကိုမျှလည်း ငါဘုရား မြင်တော်မမူ၊ ရဟန်းတို့ ယောနိသောမနသိကာရရှိသော ရဟန်းသည် အကုသိုလ်ကို ပယ်စွန့်၍ ကုသိုလ်ကို ပွါးစေ၏။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''ယောနိသောမနသိကာရသည် သေက္ခရဟန်းအား မြတ်သော အရဟတ္တဖိုလ်သို့ ရောက်ရန်ကျေးဇူးများသကဲ့သို့၊ ဤအတူ ယောနိသောမနသိကာရမှတစ်ပါး အခြား ကျေးဇူးများသောတရားမရှိ၊ အသင့်အားဖြင့်အားထုတ်သော ရဟန်းသည် ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်နိုင်ရာ၏''ဟု ဤဂါထာဖြင့်ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
ဆဋ္ဌသုတ်။
Tuesday, November 6, 2018
Subscribe to:
Post Comments (Atom)
###ထိုနိဗ္ဗာန်သည်ရှိသည်သာတည်း### *********************** #ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိမြင်မှသာလျင်သဘောကျနိုင်ပါလိမ့်မည်။ *မှန်းဆ၍လည...
-
###မနောဝိညာဏဓာတ်အထူးသိတတ်သောစိတ်### **************** @#မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်စတဲ့အကြည်ဓာတ်ငါးမျိုးကမှန်လိုအရိပ်ထင်ပေးရုံ...
-
###ယောနိသောမနသိကာရ### *********************** @ ယောနိသောမနသိကာရ သင့်တင့်လျောက်ပါတ်စွာနှလုံးသွင်းခြင်း(လျော်စွာရှုခြင်း) သည်လွန်စွ...
-
###အယူစင်ကြယ်ခဲ့ပါမူ### ******************* @"ဒါမှန်တယ်" "ဒါမှအမှန်တရားစစ်စစ်" "မဟုတ်ဘူးမှားတယ်...

No comments:
Post a Comment