###မှီခိုရာကျွန်း###
************
@ပြင်းပြင်းထန်ထန်ပူလောင်ကြေကွဲရတာတွေဟာမဖြစ်ခြင်တဲ့အရာတွေဖြစ်လာတဲ့အခါခံစားရတာတွေပေါ့
@အိုခြင်းနာခြင်းသေခြင်းတွေနဲ့ဆုံတွေ့လာရင်သောကပရိဒေဝဒုက္ခဒေါမနဿဥပါယာသတွေဟာလူတွေကိုနှိပ်စက်မဲ့တရားတွေအဖြစ် ဖြစ်ပေါ်လာကြပါတယ်
#အကယ်၍အိုခြင်းနာခြင်းသေခြင်းတွေသာဖြစ်ပေါ်မလာခဲ့ပါလျင်သောကပရိဒေဝဒုက္ခဒေါမနဿဥပါယာသတွေဟာဖြစ်ပေါ်စရာမရှိပါဘူး
@မွေးဖွားခြင်းဇာတိသာမဖြစ်ပေါ်ခဲ့လျင်အိုခြင်းနာခြင်းသေခြင်းလည်းဖြစ်လာလိမ့်မည်မဟုတ်။
@စေတနာဆိုတဲ့စေတသိက်နဲ့တစ်ကွဖြစ်ဖြစ်နေတတ်တဲ့စိတ်တွေသာမဖြစ်ခဲ့ရင်"ကမ္မဘဝ"ဆိုတဲ့ဘဝဖြစ်ရပ်တစ်ခုကိုပြုမိခြင်းမရှိနိုင်တဲ့အတွက်ဇာတိဟာဖြစ်မလာနိုင်ဘူး။
@ပြုစေဖြစ်စေလိုတဲ့စေတနာကမ္မဘဝတွေကလည်းပြင်းစွာစွဲယူမှု "ဥပါဒါန်"ကြောင့်ဖြစ်လာရတာဆိုတော့တစ်စုံတစ်ခုအပေါ်မှာသာပြင်းစွာစွဲမှတ်ယူမှုမပြုခဲ့ရင်"ကမ္မဘဝ"သည်လည်းဖြစ်စရာအကြောင်းမရှိ။
@အာရုံအာယတနတွေမှာကပ်ငြိမှုတဏှာသာမဖြစ်ပေါ်ခဲ့ဘူးဆိုရင်ဒီအာရုံကိုသိမှုသဘောမှာပြင်းစွာစွဲမှတ်ယူမှုဥပါဒါန်ဟာဖြစ်စရာမရှိပါ။
@ဝိညာဏ်နာမ်ရုပ်သဠာယတနဖဿဆိုတဲ့>စိတ်တွေအဆင်းအသံတွေကိုအာရုံခံတတ်တဲ့အာရုံခံအကြည်ဓါတ်တွေ>
အာရုံကိုယူခြင်းအာရုံနဲ့ထိတွေ့ခြင်းသဘောတွေကြောင့်>>ဝေဒနာဆိုတာဖြစ်ပေါ်လာရပါတယ်။
#ထိုဝေဒနာ၏သဘောအမှန်ကိုရှုမြင်တတ်တဲ့"သတိ"သုံးသပ်ဆုံးဖြတ်နိုင်စွမ်း"ပညာ"တို့ဖြင့်ပြည့်စုံပါလျင်ဝေဒနာချုပ်မှုကြောင့်တဏှာမဖြစ်နိုင်တော့ချေ။
@ထိုဝိညာဏ်နာမ်ရုပ်သဠာယတနဖဿဆိုသောအာရုံတို့အပေါ်အာရုံယူကျက်စားတတ်ခြင်းသဘောတို့သည်လည်းအားထုတ်ခြင်းသဘော/ပြုလုပ်အပ်ခြင်းသဘော"သင်္ခါရ"ကိုသာအကြောင်းခံပေ၏။
@ပြုလုပ်အားထုတ်ခြင်းသဘော"သင်္ခါရ"သာချုပ်ခဲ့ပါလျင်အာယတနဖဿတို့သည်ချုပ်မည်သာတည်း။
@သင်္ခါရသည်လည်းအာရုံတို့၏သဘောအမှန်ကိုမသိခြင်းတည်းဟူသောမောဟ(အဝိဇ္ဇာ)ကြောင့်သာလျင်ဖြစ်ပေါ်ရလေ၏။မောဟဟူသောအရင်းအမြစ်ကိုနုတ်ပယ်ပြီးအမောဟတည်းဟူသောအာရုံတို့၏သဘောအမှန်ကိုသိခြင်းပညိနြေ္ဒစေတသိက်(ဝိဇ္ဇာ)ဖြစ်သည်ရှိသော်>အဝိဇ္ဇာ(မသိမှု)၏ချုပ်မှုကြောင့်သင်္ခါရ(အာရုံတို့၏သဘောအမှန်ကိုမသိပဲပြုလုပ်အားထုတ်မှုများ)ချုပ်လေ၏။
#ဤသို့အားဖြင့်အလုံးစုံတို့သည်ချုပ်ငြိမ်းကြလေ၏။
###အာရုံတို့၏သဘောအမှန်ကိုသိခြင်းသည်အဘယ်နည်း?
*အဆင်းအသံအနံ့စသည်တို့ဖြင့်ထိတွေ့အာရုံယူအပ်သောဖဿဝေဒနာတို့၏သဘောအမှန်သည်မနောဝိညာဏဓါတ်၌စူးစိုက်တည့်မတ်ရှုမြင်သော်ချုပ်ခြင်းသက်သက်မျှကိုသာလက္ခဏာပြလေ၏။
###တနည်းအားဖြင့်အဇ္ဈတ္တဟုဆိုအပ်သောအတွင်းသဘောအမှန်ကိုအတ္တမဖက်အနတ္တသက်သက်(သူ့သဘောသူဆောင်နေခြင်းသက်သက်မျှ)သာဖြစ်ကြောင်းရှုမြင်ခြင်းတည်လေသော်ထိုဝေဒနာသဘောတို့သည်ဆိုဖွယ်မရှိလျင်စွာချုပ်ပျောက်ကုန်ဆုံးနေလျက်သာဖြစ်နေလေ၏။
###ထိုအာယတနဖဿဝေဒနာသဘောတို့သည်အတွင်းသဘောမနောဝိညာဏဓါတ်၌ချုပ်ခြင်းလက္ခဏာရှင်းစွာမြင်လေသော်ချုပ်နေခြင်းသည်သာအမှန်ထင်ရှားရှိလေ၏ဟုပိုင်းခြားပိုင်နိုင်သိမြင်လေ၏။
@ထိုသိမြင်ခြင်း၌အလုံးစုံတို့သည်ချုပ်ငြိမ်းလျက်ရှိ၏။အာရုံတို့၏သဘောအမှန်ဖြစ်သောဖြစ်ခြင်းဟူသမျှချုပ်ငြိမ်းသွားသည်သာတည်းဟုသိလျက်အဘယ်အာယတနကိုမျှကပ်ငြိမနေပဲကင်းလျက်ငြိမ်းလျက်သဘော၌သာမျက်မှောက်ပြုသိမြင်နေနိုင်သောကြောင့်ဤအဇ္ဈတ္တ၏အဆုံးအရပ်သည်
#ဖြစ်ခြင်းကင်းသဖြင့်ပျက်ခြင်းကင်းနေ၏။
#မွေးဖွားခြင်းမရှိသဖြင့်အိုခြင်းသေခြင်းကင်းနေ၏။
#ဥပါဒါန်မရှိသဖြင့်ကမ္မဘဝတို့ကင်းနေ၏။
#ဝေဒနာချုပ်သဖြင့်ပေါ်ရန်တဏှာမရှိကင်းလေ၏။
#အာရုံတို့၏သဘောအမှန်ကိုမသိသောကြောင့်အားထုတ်အပ်သောသင်္ခါရတို့ချုပ်နေသဖြင့်အာရုံကိုဖမ်းယူအပ်သောသဠာယတနဝိညာဏ်တို့ချုပ်လေ၏။
#ထိုအာရုံတို့၏သဘောအမှန်ကိုသိမြင်ခြင်းကြောင့်အာရုံအာယတနတို့၏ချုပ်ခြင်းအမှန်ကိုသိမြင်နေသောအားဖြင့်အလုံးစုံတို့သည်ချုပ်ငြိမ်းနေရလေ၏။
#ထိုဖြစ်ခြင်းပျက်ခြင်းတို့ကင်းရာချုပ်ငြိမ်းနေခြင်းသက်သက်သည်တည်ရာကျွန်းနိဗ္ဗာန်တည်း
#ထိုအရပ်ကိုမမေ့မလျော့သောသတိအကြီးအမှူးပြုလျက်>ဘေးအပေါင်းကင်းငြိမ်းရာမှီခိုရာကျွန်းအဖြစ်အမြဲမပြတ်နှလုံးသွင်းအပ်သည်သာတည်း။
_______******_______
###ကပ္ပမာဏဝပုစ္ဆာ
၁ဝ၉၉။ (ကပ္ပသည် ဤသို့ မေးလျှောက်၏) -
မြတ်စွာဘုရား ဖြစ်ပေါ်နေသော များသော ဘေးရှိသော သြဃလေးဖြာ သံသရာ အလယ်၌ တည်ကုန်သော အိုခြင်း သေခြင်းသည် နှိပ်စက်အပ်ကုန်သောသူတို့၏ (မှီခိုရာ) ကျွန်းကို ဟောတော်မူပါလော့၊ အသျှင်ဘုရားသည် ဆင်းရဲတစ်ဖန် မဖြစ်နိုင်ရာသော ဤကျွန်းကို အကျွန်ုပ်အားမိန့်ကြားတော်မူပါလော့။ (၁)
၁၁ဝဝ။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -
ကပ္ပ ဖြစ်ပေါ်နေသော များသော ဘေးရှိသော သြဃလေးဖြာ သံသရာအလယ်၌ တည်ကုန်သော အိုခြင်း သေခြင်းသည် နှိပ်စက်အပ်ကုန်သောသူတို့၏ (မှီခိုရာ) ကျွန်းကို သင့်အား ငါဘုရား ဟောအံ့။ (၂)
၁၁ဝ၁။ (မှီခိုရာ) ကျွန်းသည် ကြောင်းကြမှုမရှိ၊ တဏှာဒိဋ္ဌိတို့ဖြင့် စွဲလမ်းယူရာ မဟုတ်၊ ဤကျွန်းမှတစ်ပါး အခြားကျွန်း မရှိ၊ အိုခြင်း သေခြင်း၏ကုန်ရာဖြစ်သော ထိုကျွန်းကို နိဗ္ဗာန်ဟူ၍ ငါဆို၏။ (၃)
၁၁ဝ၂။ အောက်မေ့မှု 'သတိ' ရှိသော အကြင်သူတို့သည် ထိုနိဗ္ဗာန်ကျွန်းကို အမှန် သိခြင်းကြောင့် တရားကို မြင်ပြီးသူ ကိလေသာမီးငြိမ်းသူ ဖြစ်ကုန်၏။ ထိုသူတို့သည် မာရ်၏ နောက်လိုက် မဟုတ်တော့ကုန်၊ ၏ အလုပ်အကျွေး မဟုတ် တော့ကုန်။ (၄)
ဆယ်ခုမြောက် ကပ္ပမာဏဝပုစ္ဆာ ပြီး၏။
Tuesday, November 6, 2018
Subscribe to:
Post Comments (Atom)
###ထိုနိဗ္ဗာန်သည်ရှိသည်သာတည်း### *********************** #ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိမြင်မှသာလျင်သဘောကျနိုင်ပါလိမ့်မည်။ *မှန်းဆ၍လည...
-
###မနောဝိညာဏဓာတ်အထူးသိတတ်သောစိတ်### **************** @#မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်စတဲ့အကြည်ဓာတ်ငါးမျိုးကမှန်လိုအရိပ်ထင်ပေးရုံ...
-
###ယောနိသောမနသိကာရ### *********************** @ ယောနိသောမနသိကာရ သင့်တင့်လျောက်ပါတ်စွာနှလုံးသွင်းခြင်း(လျော်စွာရှုခြင်း) သည်လွန်စွ...
-
###အယူစင်ကြယ်ခဲ့ပါမူ### ******************* @"ဒါမှန်တယ်" "ဒါမှအမှန်တရားစစ်စစ်" "မဟုတ်ဘူးမှားတယ်...

No comments:
Post a Comment