Tuesday, November 6, 2018

###ဆန္ဒရာဂကိုပယ်ဖျောက်နိုင်သော###
       **********************
@လှလှပပလေးမြင်လိုက်တော့ကြည့်ကောင်းလိုက်တာလို့သာယာတဲ့သဘောလေးဖြစ်လာတယ်
>ဆက်ကြည့်နေမြင်နေရတာကိုစိတ်ထဲကြည်နူးနှစ်သက်နေပြန်တယ်

@အသံချိုလွင်သာသာကြားရပြန်တော့နားထောင်ကောင်းတဲ့သဘောလေးဖြစ်လာတယ်
>ဆက်နားထောင်နေတော့စိတ်ထဲကြည်နူးနှစ်သက်သာယာနေပြန်တယ်

@အနံ့အရသာထိကိုင်စရာတွေးစရာတွေမှာလည်းဒီအတိုင်းပဲ။
>အားလုံးဟာတစ်သဘောထည်းပဲဖြစ်တယ်
>>အများကြီးမဟုတ်ဘူး
>>>ထိတွေ့စရာခြောက်မျိုးပဲ
>>>>ဒီထက်မပိုသလိုဒီထက်လည်းမလျော့ဘူး
>>>>>ခြောက်မျိုးကလည်းဖြစ်တိုင်းဖြစ်တိုင်းမှာအာရုံကိုသိတဲ့စိတ်တစ်လုံးအဖြစ်သာထင်ရှားဖြစ်တယ်
>>>>>>ထိုအာရုံသိစိတ်ကြောင့်ယှဉ်ဖက်သညာဝေဒနာသဘောတွေဖြစ်ကြတယ်

#ထိုဝေဒနာကိုသင်တို့အနိစ္စတောဒုက္ခတောအနတ္တတောဟုရှုမြင်ရမည်
***ဘာကြောင့်ဘုရားရှင်ထိုကဲ့သို့ရှုမြင်ခိုင်းပါသနည်း

@သုခဝေဒနာ၏သာယာဖွယ်သဘော၌စွဲယူခံစားလျက်အာရုံ၌တပ်မက်ကပ်ငြိမှုတဏှာသည်ဆန္ဒရာဂကိုပွားစေလေ၏။

@ထိုသုခဝေဒနာသဘောကိုငါခံစား၏ဟုအတ္တဖြင့်နှလုံးသွင်းရှုမြင်ခြင်းသည်ဆန္ဒရာဂ၏တိုးပွားကြောင်းပင်တည်း။

#ဗုဒ္ဓညွှန်တော်မူသည့်အတိုင်း
မြင်အပ်ကြားအပ်အရပ်ရပ်၌အာရုံပေးဝတ္ထုတို့အပေါ်တွင်လိုက်ပါစွဲယူခြင်းမဟုတ်မူပဲ
*အာရုံသိစိတ်တို့နှင့်ယှဉ်ဖြစ်သည့်သညာ၏သဘောဝေဒနာ၏သဘောတို့ကို"သတိ"ဖြင့်စူးစိုက်ရှုမြင်အပ်သည်ရှိသော်
***အနိစ္စ(မရှိတော့ခြင်း/ပျောက်ပျက်သွားခြင်း)ကိုသိမြင်ရပေမည်။

#အဘယ်၌ပျောက်ပျက်သွားပါသနည်း ? ? ?
***မြင်သိစိတ်ကြားသိစိတ်တို့နှင့်ယှဉ်ဖြစ်သည့်သညာသဘောဝေဒနာသဘောတို့သည်စေတသိက်များအဖြစ်စိတ်မှာသာယှဉ်ဖြစ်သဖြင့်
>မနောဝိညာဏဓါတုယာဟုဟောညွှန်အပ်သောအာရုံသိစိတ်တို့၏ဆုံချက်အတွင်းသဘောအဇ္ဈတ္တကိုသေချာစူးစိုက်သတိပြုရှုမြင်အပ်သည်ရှိသော်အာရုံသိစိတ်တို့၏ချုပ်ပျောက်ခြင်းကိုသာသိမြင်ရလေသည်။
***သတိဖြင့်မနောဝိညာဏဓါတ်အားစူးစိုက်ရှုမြင်အားကောင်းလေသော်ထိုမျက်စိနားတို့ကြောင့်ဖြစ်ပေါ်လေသမျှအာရုံသိစိတ်သဘောများသည်ချုပ်ပျောက်သက်သက်အနှစ်မဲ့သုညာဂါရသုံးမရသည့်သဘောမျှသာဖြစ်ကြောင်းသိမြင်လေ၏။
***ထိုအသိအမြင်အားကြီးလေသော်ဆိုဖွယ်မရှိသောထိုပျောက်ပျက်ကုန်ဆုံးနေခြင်းများ၏သဘောအမှန်သည်ချုပ်နေခြင်းငြိမ်းနေခြင်းတည်းဟူသောသဘောတရားကြီးဧကန်တည်ရှိနေခြင်းကိုညွှန်ပြနေသည်သာဖြစ်သည့်အတွက်>ဥပနိဿယအားကြီးစွာပကတိချုပ်ငြိမ်းနေမှုအားသိမြင်လျက်သက်ဝင်မျက်မှောက်ပြုသွားနိုင်လေ၏။

#ထိုသဘောသို့သက်ဝင်လျက်သိမြင်နေခြင်း၌
*အာရုံခြောက်ပါးစိတ်တို့ချုပ်နေလေ၏။
***အာရုံခြောက်ပါးစိတ်တို့ကိုမှီ၍ဖြစ်ရသည့်အာရုံ၌ကပ်ငြိမှုတဏှာသည်မပေါ်သောအားဖြင့်ချုပ်နေလေ၏။
***အာရုံ၌ကပ်ငြိမှုတဏှာသည်မပေါ်သောအားဖြင့်ချုပ်နေသောကြောင့်ကာမဂုဏ်တို့၌နှစ်သက်ခြင်းအလိုရှိခြင်းဆန္ဒရာဂသည်ဆိုဖွယ်မရှိကင်းနေလေ၏။

#ဤသို့အားဖြင့်ထိုသဘော၌မမေ့မလျော့သော"သတိ"ဖြင့်ပြည့်စုံသူသည်
*ဆန္ဒရာဂကိုပယ်ဖျောက်နိုင်သောငြိမ်းအေးမှုနိဗ္ဗာန်သည်ရွေ့လျောခြင်းမရှိဟုသိမြင်သည်သာတည်း။       ။

        #မေတ္တာအားဖြင့်သာ
   ______***********_______

###ဟေမကမာဏဝပုစ္ဆာ

၁ဝ၉၁။ (ဟေမကသည် ဤသို့ မေးလျှောက်၏) -

ဂေါတမဘုရား၏ သာသနာတော် မပေါ်သေးမီ ရှေးအခါ က အကြင်ဆရာတို့သည် ဤသို့ ဖြစ်ခဲ့ပြီ၊ ဤသို့ ဖြစ်လိမ့်မည်ဟု အကျွန်ုပ်အား (မိမိတို့အယူအဆကို) ပြောကြားကြပါကုန်၏။ (ထိုသူတို့၏) ထိုအလုံးစုံသော စကားသည် တစ်ဆင့် ကြားကာမျှသာတည်း၊ ထိုအလုံးစုံသည် ကာမဝိတက်စသည်ကိုသာပွါးစေနိုင်၏။ အကျွန်ုပ်သည် ထိုအယူတို့၌မနှစ်သက်နိုင်ပါ။ (၁)

၁ဝ၉၂။ မြတ်စွာဘုရား အကြင်တရားကို သိ၍ အောက်မေ့မှု 'သတိ' ရှိလျက် ကျင့်သူသည် လောက၌ ကပ်ငြိမှု 'တဏှာ'ကို လွန်မြောက်ရာ၏။ တပ်မက်မှု 'တဏှာ'ကို ဖျက်ဆီးတတ်သော ထိုတရားကို အသျှင်ဘုရားသည် အကျွန်ုပ်အား ဟောကြား တော်မူပါလော့။ (၂)

၁ဝ၉၃။ ဟေမက ဤလောက၌ ချစ်ဖွယ်သဘောရှိကုန်သော မြင်ရ ကြားရ ရောက်ရသိရသော အာရုံခြောက်ပါး တရားတို့၌ အလွန်တပ်စွန်းမှု 'ဆန္ဒရာဂ'ကို ပယ်ဖျောက်နိုင်သော ငြိမ်းအေးရာ နိဗ္ဗာန်သည် ရွေ့လျောခြင်း မရှိ။ (၃)

၁ဝ၉၄။ အောက်မေ့မှု 'သတိ' ရှိကြသော အကြင်သူတို့သည် ထိုနိဗ္ဗာန်ကို သိသောကြောင့် တရားကို မြင်ပြီးသူ (ကိလေသာမီး) ငြိမ်းအေးပြီးသူတို့ ဖြစ်ကုန်၏။ ထိုသူတို့သည် အခါ ခပ်သိမ်း (ကိလေသာမှ) ငြိမ်းကုန်သည်ဖြစ်၍ လောက၌ ကပ်ငြိမှု 'တဏှာ'ကို လွန်မြောက်ကုန်၏။ (၄)

ရှစ်ခုမြောက် ဟေမကမာဏဝပုစ္ဆာ ပြီး၏။

No comments:

Post a Comment

###ထိုနိဗ္ဗာန်သည်ရှိသည်သာတည်း###         *********************** #ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိမြင်မှသာလျင်သဘောကျနိုင်ပါလိမ့်မည်။ *မှန်းဆ၍လည...