###ငါမှလည်းကောင်းငါ့ဥစ္စာမှလည်းကောင်း###
********************
@စိတ်ထဲမှာထင်လိုက်တာကငါမြင်တယ်ပေါ့
ကြားတော့လဲငါကြားတာပေါ့
#ဘုရားရှင်ဟောညွှန်တော်မူတာက
***မျက်စိဖြင့်/နားဖြင့်ပညတ်ရာ၏။
ထိုမျက်စိ/ထိုနားသည်မရှိ။(ခန္ဓဝဂ္ဂသံယုတ်)
@ဒါဘာကိုညွှန်တော်မူပါသလဲ။
***မျက်စိနားတို့သည်အဆင်းအသံစသည့်ဆိုင်ရာအာရုံပေးဝတ္ထုတို့ကိုအာရုံအဖြစ်ဖမ်းယူ၍အာရုံသိစိတ်ဖြစ်ပေါ်ခြင်းကိုကျေးဇူးပြုလေ၏။
***ထိုအာရုံသိစိတ်နှင့်ယှဉ်ဖက်ဝေဒနာသဘောသညာသဘောတို့လည်းဖြစ်လေ၏။
***ထိုသဘောတို့ကိုမနောဝိညာဏဓါတုယာဟုဟောညွှန်အပ်သောအဇ္ဈတ္တအတွင်းသဘော၌စူးစိုက်ရှုမြင်အပ်သည်ရှိသော်ချုပ်ခြင်းလက္ခဏာကိုသာပြလေ၏။
***ထိုထိုဆိုင်ရာအာရုံသိစိတ်နှင့်ယှဉ်ဖက်ဝေဒနာသဘောသညာသဘောတို့ချုပ်ခြင်းကိုမျက်မှောက်၌သိမြင်သဖြင့်
"မျက်စိဖြင့်ပညတ်ရာ၏။ထိုမျက်စိသည်မရှိ"ဟုဆိုအပ်ခြင်းဖြစ်၏။
***ထိုထိုအာရုံသိစိတ်တို့၏ချုပ်ခြင်းကိုသိမြင်ခြင်းအားဖြင့်ဆိုင်ရာဆိုင်ရာအာရုံတို့၏သဘောအမှန်ကိုသိခြင်းသည်ဖြစ်လာလေ၏။
***တနည်းအားဖြင့်အဆင်းအသံတို့နှင့်မျက်စိနားတို့၏အာယတနဖြစ်ခြင်းကြောင့်အာရုံသိစိတ်တို့ဖြစ်ပေါ်လာသမျှချုပ်ခြင်းကိုသာပြကြောင်းထင်ရှားသိမြင်လေ၏။
***ထိုအာရုံသိစိတ်တို့ဖြစ်တိုင်းယှဉ်ဖြစ်သည့်ဝေဒနာသညာသင်္ခါရစသောခန္ဓာတရားအစုတို့၌ငါဟူသောဒိဋ္ဌိငါ့ဥစ္စာဟူသောတဏှာတို့ဖြင့်ကပ်ငြိစွဲယူသောကြောင့်သာကာမတို့၌တပ်နှစ်သက်ခြင်းသည်ဖြစ်ရလေ၏။
***အာရုံသိစိတ်တို့ချုပ်ခြင်းကိုသိမြင်နေလျင်ကားတပ်မက်နှစ်သက်စရာအလျဉ်းကင်းသဖြင့်ဘေးကင်းရာအလုံးစုံတို့၏ငြိမ်းအေးရာအဖြစ်သိလေ၏။
***ထိုထိုအာရုံသိစိတ်တို့ကိုသာအကြောင်းပြုလျက်အတိတ်၌ဖြစ်ခဲ့ပြီးသောအကြောင်းအချင်းအရာတို့ကိုအာရုံပြု၍သာကိလေသာတို့ဖြစ်ရလေ၏။
***အနာဂါတ်အကြောင်းချင်းရာများကိုအာရုံပြု၍ဖြစ်သောအာရုံသိစိတ်များကိုမှီ၍ကိလေသာတို့ဖြစ်ရလေ၏။
#ပစ္စုပ္ပါန်၌ဖြစ်သောအာရုံသိစိတ်တို့၏သဘောအမှန်ကိုအတွင်းအဇ္ဈတ္တမနောဓါတ်တိုင်အောင်မဂ္ဂင်အကျင့်မြတ်သတိသမာဓိပညာအားဖြင့်ရှုခြင်းမှန်ပါလျင်ချုပ်ခြင်းကိုသာထင်ရှားသေချာပြနေပါသဖြင့်
"ငါမှလည်းကောင်းငါ့ဥစ္စာမှလည်းကောင်းဆိတ်သုည်းနေလေ၏"
#ထိုဆိတ်သုည်းနေခြင်း၌အဘယ်ကိုစွဲလန်းပါအံ့နည်း။
#ထိုဆိတ်သုည်းနေခြင်း၌အဘယ်အရာကိုတုန်လှုပ်ပါအံ့နည်း။
_______******________
###ဇတုကဏ္ဏိမာဏဝပုစ္ဆာ
--*--*--*--*--
၁၁ဝ၃။ (ဇတုကဏ္ဏိသည် ဤသို့ မေးလျှောက်၏) -
လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့သည် ကာမကို လိုလားခြင်း ကင်းတော်မူသော အသျှင်ဘုရားကို (အရဟံစသော ဂုဏ်နှင့် ပြည့်စုံ၏ဟု) ကြားသိ ရ၍ သြဃလေးဖြာ သံသရာမှလွတ်မြောက်ပြီးသော လိုလားမှု ကာမကင်းတော်မူသော အသျှင်ဘုရားကို မေးလျှောက်ခြင်းငှါလာရောက်ခဲ့ပါ၏။ ဘုရားဖြစ်သည်နှင့် တစ်ပြိုင်နက် သဗ္ဗညုတဉာဏ်ကို ရတော်မူသော မြတ်စွာဘုရားငြိမ်းအေးမှု နိဗ္ဗာန်ကို ဟောတော်မူပါလော့၊ဟုတ်မှန်တိုင်းသော ထိုနိဗ္ဗာန်ကို မြတ်စွာဘုရားသည် အကျွန်ုပ်အား ဟောကြားတော်မူပါလော့။ (၁)
၁၁ဝ၄။ တန်ခိုးရှိသော နေမင်းသည် တန်ခိုးဖြင့် မြေကို လွှမ်းမိုး၍ ဖြစ်သကဲ့သို့ ဤအတူမြတ်စွာဘုရားသည် ကာမတို့ကို လွှမ်းမိုး၍ ဖြစ်တော်မူ၏။ မြေကြီးကဲ့သို့ ကျယ်ပြန့်သော ပညာရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် ဤသာသနာတော်၌ ပဋိသန္ဓေနေမှု အိုမှုကို ပယ်ဖျက်နိုင်သော အကြင်တရားကို အကျွန်ုပ် သိရာ၏။ ထိုတရားကို ပညာနည်းသော အကျွန်ုပ်အားဟောကြားတော်မူပါလော့။ (၂)
၁၁ဝ၅။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -
***ဇတုကဏ္ဏိ ကာမမှ ထွက်မြောက်ရာ (နိဗ္ဗာန်) ကို ဘေးကင်းရာဟု ရှုမြင်၍ ကာမတို့၌ တပ်မက်မောမှုကို ပယ်ဖျောက်လော့၊ (တဏှာဒိဋ္ဌိဖြင့်) စွဲယူအပ်သော ပယ် စွန့်သင့် ပယ်စွန့်ထိုက်သော ရာဂစသောကြောင့်ကြမှုသည် သင့်အား မဖြစ်စေ လင့်။ (၃)
၁၁ဝ၆။ အတိတ်သင်္ခါရတို့ကို (အာရုံပြု၍ ဖြစ်သော) ကိလေသာမျိုးကို ခြောက် ခန်းစေလော့၊ အနာဂတ်သင်္ခါရတို့ကို (အာရုံပြု၍ ဖြစ်သော ရာဂစသော) ကြောင့်ကြမှု သင့်အား မဖြစ်စေလင့်၊ ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ကို တဏှာဒိဋ္ဌိအားဖြင့် သင် မစွဲယူခဲ့မူ ကိလေသာ ငြိမ်းအေးသည်ဖြစ်၍ နေရလတ္တံ့။ (၄)
၁၁ဝ၇။ ဇတုကဏ္ဏိ အကြင်အာသဝတို့ဖြင့် သေမင်း၏အလိုသို့ လိုက်ရ၏။ နာမ် တရားရုပ်တရားအားလုံး၌ (ငါ ငါ၏ဥစ္စာဟု) မြတ်နိုးစွဲလမ်းမှု ကင်းပြီးသော ထိုရဟန္တာပုဂ္ဂိုလ်အားထိုအာသဝတို့ မရှိတော့ကုန်။ (၅)
တစ်ဆယ့်တစ်ခုမြောက် ဇတုကဏ္ဏိမာဏဝပုစ္ဆာ ပြီး၏။
Tuesday, November 6, 2018
Subscribe to:
Post Comments (Atom)
###ထိုနိဗ္ဗာန်သည်ရှိသည်သာတည်း### *********************** #ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိမြင်မှသာလျင်သဘောကျနိုင်ပါလိမ့်မည်။ *မှန်းဆ၍လည...
-
###မနောဝိညာဏဓာတ်အထူးသိတတ်သောစိတ်### **************** @#မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်စတဲ့အကြည်ဓာတ်ငါးမျိုးကမှန်လိုအရိပ်ထင်ပေးရုံ...
-
###ယောနိသောမနသိကာရ### *********************** @ ယောနိသောမနသိကာရ သင့်တင့်လျောက်ပါတ်စွာနှလုံးသွင်းခြင်း(လျော်စွာရှုခြင်း) သည်လွန်စွ...
-
###အယူစင်ကြယ်ခဲ့ပါမူ### ******************* @"ဒါမှန်တယ်" "ဒါမှအမှန်တရားစစ်စစ်" "မဟုတ်ဘူးမှားတယ်...

No comments:
Post a Comment