###မြဲမြံခိုင်ကျည်ခြင်းသည်သာအနှစ်###
********************
@မြင်ရတဲ့အပေါ်မှာလှတယ်မလှဘူးကောင်းတယ်မကောင်းဘူးသတ်မှတ်စွဲယူလိုက်တယ်ပေါ့။
@ကြားရတဲ့အပေါ်မှာသာယာတယ်ဆူညံတယ်ကောင်းတယ်မကောင်းဘူးသတ်မှတ်စွဲယူလိုက်တယ်ပေါ့။
@ထိတွေ့ခံစားမိသမျှတွေပေါ်မှာသာယာဖွယ်တွေကိုလည်းစူးစူးနစ်နစ်စွဲယူမှတ်သားစက်ဆုပ်ဖွယ်တွေကိုလည်းစူးစူးနစ်နစ်စွဲယူမှတ်သားထားတတ်ကြပြန်ပါတယ်။
>နောက်အကြောင်းကြုံကြိုက်တိုင်းစွဲယူမှတ်သားထားသမျှကိုပြန်လည်ပုံဖော်ခံစားနေတတ်ကြတာကလည်းဖြစ်ရိုးဖြစ်စဉ်ဧဝံဓမ္မတာဖြစ်နေကြလေရဲ့။
>သည့်နောက်တော့မြင်ချင်တာမမြင်ရတဲ့အခါ၊
မြင်ရတာကိုမမြင်ချင်တဲ့အခါ၊ကြားချင်တာကိုမကြားရတဲ့အခါ၊ကြားတာကိုမကြားချင်တဲ့အခါ၊ထိတွေ့ခံစားရချင်တာတွေကိုမခံစားမထိတွေ့ရတဲ့အခါ၊ထိတွေ့ခံစားရတာတွေကိုမခံစားမထိတွေ့ချင်တော့တဲ့အခါ>>အလိုမကျခြင်းဒေါမနဿတွေ၊ပူပင်ခြင်းသောကတွေ၊ကိုယ်ဆင်းရဲစိတ်ဆင်းရဲဒုက္ခတွေ၊ငိုကြွေးခြင်းပရိဒေဝတွေ၊ပြင်းစွာပူလောင်ကြေကွဲခြင်းဥပါယာသတွေဟာလည်းဧဝံဓမ္မတာလမ်းကြောင်းအတိုင်းဤသို့ဖြစ်သော်ဤသို့ဖြစ်မည်သာတည်းဟုဆင်းရဲအစုအဝေးသည်ပေါ်ပေါက်ရသည်သာတည်း။
###အဘယ်ကြောင့်ထိုသို့ဖြစ်ရပါသနည်း။
*မြင်အပ်သောအဆင်းသည်လည်းကောင်း
**မြင်အပ်သောမျက်စိသည်လည်းကောင်း
***မြင်အပ်သောသဘောမြင်သိစိတ်သည်လည်းကောင်းမမြဲကြလေကုန်၊ဖောက်လွဲဖောက်ပြန်ဖြစ်လေ့ရှိကြကုန်၏။
****ထိုသဘောတို့ပေါင်းဆုံဖြစ်ပေါ်သည့်အတွင်းအဇ္ဈတ္တသန္တာန်၌ကောင်းကောင်းဆိုးဆိုးအမျိုးမျိုးအထွေကိုစွဲမှတ်ယူမှုသည်စူးစူးနစ်နစ်ကပ်ရောက်နေခြင်းအားဖြင့်အနှစ်သာရကင်းမဲ့သောဆင်းရဲအစုကိုအယူအမှတ်မှားလျက်ရှိစေဖြစ်စေကြကုန်၏။
#စင်စစ်သော်ကား
***မည်သည့်အခါမည်သည့်အခြေအနေ၌မဆို
>အဆင်း၊အလင်း၊မျက်စိ၊အာရုံပြုမှုအကြောင်းတရားတို့ပြည့်စုံညီညွတ်လျင်မြင်သိစိတ်ဖြစ်ပေါ်လာသည်မှာဓမ္မတာသာတည်း။
>>ထိုအဆင်းအာရုံကိုသိသည့်စိတ်နှင့်အတူမှတ်သားမှုခံစားမှုတို့ယှဉ်တွဲဖြစ်ပေါ်လာကြသည်မှာလည်းဓမ္မတာသာတည်း။
#ထိုမြင်သိစိတ်ကိုဘယ်ကဲ့သို့နှလုံးသွင်းသနည်း။
***ဤ၌ပညာရှိနှင့်လူမိုက်တို့လမ်းခွဲလေ၏။
@ရှုအပ်သောတရားအဖြစ်အောက်မေ့ရှုတတ်မှု""သတိ""ပြုအပ်ပါသလား။
©သတိမချပ်မြင်အပ်သည်၌သာမေ့လျော့မျောပါသွားပါသလား။
@ထိုမြင်သိမှတ်ခံစားသဘောတရားကိုစူးစိုက်တည့်မတ်ရှုနိုင်သည့်""သမာဓိ""ပြုအပ်ပါသလား။
©ထိုမြင်သိမှတ်သားခံစားသဘောတရားကိုသာမေ့လျော့လိုက်ပါမှတ်သားခံစားနေပါသလား။
@အတွင်းအဇ္ဈတ္တ၌ချုပ်ခြင်းကိုသာပြသောသိမှတ်ခံစားသဘောကို""ပညာ""ဖြင့်ရှုမြင်သုံးသပ်အပ်ပါသလား။
©အာရုံ၌ကပ်ငြိနေမှုတဏှာဖြင့်သိမှတ်ခံစားသဘောများကိုသာအထပ်ထပ်စူးစူးနစ်နစ်မှတ်ယူနေပါသလား။
#သုံးသပ်အပ်၏။
#အတွင်းသဘော၌စစ်ဆေးအပ်၏။
#အဇ္ဈတ္တမနောဝိညာဏဓါတ်၌အဖန်ဖန်စီစစ်သုံးသပ်ပါသည်။
@နှလုံးသွင်းခြင်းဟူသောသဘော၌
*မိမိတို့၏တရားအားလျော်စွာသိမြင်နိုင်ရန်
>ဦးစွာဂရုဓမ္မပြုနာကြားထားမှု
>>နာယူထားသည့်အပေါ်လျော်ကန်စွာစိစစ်တတ်မှု
>>>မိမိတို့သန္တာန်ဖြစ်ခြင်းအမှန်ကိုရှုမြင်နိုင်သည့်"သတိ"ပြုနိုင်မှု
>>>>ဖြစ်ခိုက်ဖြစ်ခိုက်တိုင်း၌စူးစိုက်ရှုနိုင်စွမ်း"သမာဓိ"တည်နိုင်မှု
>>>>>ဖြစ်ခိုက်တိုင်း၌သတိသမာဓိပြုရှုမြင်ချက်တိုင်းအပေါ်သုံးသပ်ဆုံးဖြတ်နိုင်စွမ်း"ပညာ"ဖြစ်မှုတို့သည်
""ယောနိသောမနသိကာရ""လျော်စွာရှုမြင်ခြင်း၏အင်္ဂါရပ်များအဖြစ်ပြည့်စုံညီညွတ်ကြပါလျင်
#အနှစ်မရှိဖောက်လွဲဖောက်ပြန်ပျောက်ပျက်ကုန်ဆုံးသွားကြသည်သာလျင်ဖြစ်သော မြင်သိကြားသိထိသိခံစားမှတ်သားသဘောတရားများကိုဟုတ်တိုင်းမှန်စွာသိလေ၏။
#ဖောက်ပြန်ပျက်စီးချုပ်ပျောက်ကုန်ဆုံးသွားသောသဘောတရားများ၏ချုပ်နေမှု၊ငြိမ်းနေမှု၊ဆိတ်သုည်းနေမှု၊ကင်းစင်ငြိမ်သက်သန့်ရှင်းစင်ကြယ်နေမှုသက်သက်သည်သာလျင်ဆင်းရဲမရှိပကတိချမ်းသာသက်သက်၊အနှစ်အသားပြည့်ဝသောတရားဟူ၍သိအပ်လေတော့သည်သာတည်း။
----/!\----/!\----/!\----
်၁၁။
ှ
()
()
Tuesday, November 6, 2018
Subscribe to:
Post Comments (Atom)
###ထိုနိဗ္ဗာန်သည်ရှိသည်သာတည်း### *********************** #ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိမြင်မှသာလျင်သဘောကျနိုင်ပါလိမ့်မည်။ *မှန်းဆ၍လည...
-
###မနောဝိညာဏဓာတ်အထူးသိတတ်သောစိတ်### **************** @#မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်စတဲ့အကြည်ဓာတ်ငါးမျိုးကမှန်လိုအရိပ်ထင်ပေးရုံ...
-
###ယောနိသောမနသိကာရ### *********************** @ ယောနိသောမနသိကာရ သင့်တင့်လျောက်ပါတ်စွာနှလုံးသွင်းခြင်း(လျော်စွာရှုခြင်း) သည်လွန်စွ...
-
###အယူစင်ကြယ်ခဲ့ပါမူ### ******************* @"ဒါမှန်တယ်" "ဒါမှအမှန်တရားစစ်စစ်" "မဟုတ်ဘူးမှားတယ်...

No comments:
Post a Comment