Tuesday, November 6, 2018

###အဇ္ဈတ္တ၌ဖြစ်သော###
        *****************
@အရွယ်ကောင်းတွေချည်းပဲ

¥ငယ်ငယ်နုနု
¥ရွယ်ရွယ်လတ်လတ်
¥ကြီးကြီးထွားထွား
ပြစ်မျိုးမှဲ့မထင်
လှပကျော့ရှင်းနွဲ့နှောင်းပျော့ပြောင်း
သွယ်သွယ်လျလျပြည့်ပြည့်တင်းတင်း
ရုပ်ဆင်းရူပကာအပြစ်ဆိုဖွယ်မရှိ
အရောင်အဝါတောက်တောက်ပပ
စွဲမက်လောက်သမျှအကုန်ပေါ်အောင်ဖော်ပြပါလဲ

_/|\_ထို၏မျက်မှောက်
အသိရောက်နေစိတ်အခြေအနေသည်ကြည်စင်မနောထိုသဘော၌တဏှာကင်းစင်မျက်စိမြင်သည်အာရုံသဘောဝိညာဏ်ချုပ်ပျောက်ဦးတိုက်လျှောက်သည့်ငြိမ်း၍နေခြင်းရှင်းနေခြင်းကိုအဇ္ဈတ္တ၌ဆိုက်ဆိုက်သိမြင်နေလေသော်
>အတွင်းသဘောအမှန်ရှုကြည့်ပြန်သော်
>>အာရုံအဆင်းမြင်သည့်မျက်စိမြင်သိစိတ်၌တိုက်ဆုံဓါတ်သဘောထိုမနောသည်သေချာစီစစ်ပညာဖြစ်သည့်သတိဦးစီးအကြီးအမှူးပြုသော်အဇ္ဈာသယသေချာကျနမြင်သည့်နှလုံးသွင်းရှုခြင်းတည်သည်
>>>မနောဝိညာဏဓါတ်သိအပ်သည်ကရှိခြင်းအမှန်ချုပ်ငြိမ်းနေသည့်စက္ခုဝိညာဏ်
>>>>ဆိတ်သုဉ်းနေသည့်စက္ခုအာယတနသုညဂါရ
>>>>>ရုတ်ရုတ်သဲသဲအထင်အမြင်မလွဲပဲဟိုလိုသည်လိုလုပ်ရင်ကောင်းတယ်လို့အာရုံအပေါ်အမှားနှလုံးမသွင်းလျင်ဖြင့်
>>>>>>နှစ်သက်စရာဆိုတာဘာဆိုဘာမှမရှိတဲ့ပကတိကင်းဆိတ်နေခြင်း
 _/|\_
အတွင်းအဇ္ဈာသယမြင်ကွင်း
*ရှင်းရှင်းလင်းလင်း
*ကင်းကင်းဆိတ်ဆိတ်
*အဆုံးအစမရှိငြိမ်းခြင်းအတိ
#ပကတိချမ်းသာနေတာကိုအဇ္ဈတ္တ၌သိမြင်နေတော့
#မတုန်မလှုပ်ကျောက်ရုပ်အလား
#မယိမ်းမယိုင်ကျောက်တိုင်အလား
#မထိမတွေ့သက်မဲ့အလားဖြစ်နေခြင်းကို
*တဏှာ**အရတိ***ရဂါ
ထိုမာန်မင်း၏သမီးပျိုမြစ်မာယာကျော့ကွင်းသိမ်းသွင်းခြင်းသည်အချည်းအနှီးလိုရာမရောက်နောက်သို့လှည့်ပြန်သွားပြီတည်း။

#အဆင်းအသံအနံ့အရသာထိစရာအာရုံထိုငါးဖြာသည်ဝိညာဏဓါတ်အထူးမှတ်၍ရှုအပ်သည်တွင်အဇ္ဈာသယမနောဝိညာဏဓါတ်၌ချုပ်ပျောက်မြင်ကွင်းအရှုခံသွင်းသည်ကိုမြင်လေသော်
>ထိုထိုသဘာဝသုညသာဟုအရှိကိုအရှိအတိုင်းသိလေ၏။
>>ထိုမြင်ခြင်းကိုပိုင်းခြားပညာဝေဘန်ထောက်ရှုချုပ်မှုသဘောများသည်တွယ်ရာမရှိကပ်ငြိတဏှာကင်းနေပါလျက်ကိလေကင်းစင်စိတ်အစဉ်သည်ပကတိငြိမ်းခြင်းအရှိချမ်းသာဓါတ်မဟာကိုဆိုက်ရောက်သက်ဝင်မပြင်မပြုချမ်းသာမှုသည်တည်ရာအစစ်ဖြစ်သတည်း။
#ထိုသိမြင်ခြင်းသည်ကျောက်စိုင်ကျောက်ထုကျောက်တောင်ကဲ့သို့အဇ္ဈတ္တ၌ထင်ထင်ရှားရှားမြင်လေပြီတည်း
#ထို့ကြောင့်အဆင်း၌မတုန်လှုပ်ပြီတည်း။
#ထို့ကြောင့်အသံ၌မတုန်လှုပ်ပြီတည်း။
#ထို့ကြောင့်အနံ့အရသာအထိအတွေ့တို့၌မတုန်လှုပ်ပြီတည်း။
#ထို့ကြောင့်အတွေးအမှတ်အယူတို့၌မတုန်လှုပ်ပြီတည်း။

  ____*****_____

###မာဂဏ္ဍိယသုတ်###
        ***************
၈၄၂။ တဏှာ အရတိ ရဂါဟူသော (မာရ်မင်းသမီးသုံးယောက်ကို) မြင်ရ၍သော်လည်း မေထုန်အမှု၌ လိုလားတပ်မက်မှု 'ဆန္ဒ' မဖြစ်ခဲ့ပေ၊ ကျင်ငယ်, ကျင်ကြီးတို့ဖြင့် ပြည့်သော ဤ (သူငယ်မ) ရုပ်အဆင်းကို (မြင်ရ၍) အဘယ်မှာ လိုလား တပ်မက်မှု ဖြစ်မည်နည်း၊ ထိုသင့်သမီးမာဂဏ္ဍီကို ခြေဖြင့် ထိရုံမျှပင် ငါ အလို မရှိ။ (၁)

၈၄၃။ မင်းပေါင်းများစွာတို့ လိုလားတောင့်တအပ်သော ဤမျှလှပတင့်တယ်သည့် သတို့သမီးရတနာကိုအကယ်၍ အလိုမရှိခဲ့ပါမူ အသျှင်၏ အယူဝါဒ သီလ အကျင့် အသက်မွေးမှုနှင့် ဘဝဖြစ်စဉ်ကို အဘယ်သို့ သဘောရှိသည်ကို ပြောပြပါလော့။ (၂)

၈၄၄။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

မာဂဏ္ဍိယ ထိုငါဘုရားအား (ခြောက်ဆယ့်နှစ်ပါး) ဒိဋ္ဌိတရားတို့၌ ဆုံးဖြတ်၍ (ဤငါ၏ အယူသာမှန်၏။ အခြားသူတို့အယူကား အချည်းနှီးသာတည်းဟု) ဤစကားကို ဆိုမည်ဟု စွဲမြဲယူဆမှု မရှိပေ၊ (ခြောက်ဆယ့်နှစ်ပါးသော) ဒိဋ္ဌိအယူတို့၌ အပြစ်ကို မြင်သည်ဖြစ်၍ (တစ်စုံတစ်ခုသော ဒိဋ္ဌိအယူကိုမျှ) မယူဘဲ (သစ္စာ လေးပါးတို့ကို) ရွေးချယ် စိစစ်လျက် အဇ္ဈတ္တ၌ ဖြစ်သော ကိလေသာတို့ ငြိမ်းရာနိဗ္ဗာန်ကို မြင်ပြီ။ (၃)

No comments:

Post a Comment

###ထိုနိဗ္ဗာန်သည်ရှိသည်သာတည်း###         *********************** #ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိမြင်မှသာလျင်သဘောကျနိုင်ပါလိမ့်မည်။ *မှန်းဆ၍လည...