###ထူးခြားစွာသိအပ်၏###
*******************
@သိရိုးသိစဉ်သိနေကြအမြင်မျိုးမဟုတ်ပါလေ။
***အပြင်အပအာရုံပေးဝတ္ထုတို့အပေါ်လိုက်ပါသုံးသပ်သိခြင်းမျိုးမဟုတ်ပါ။
***အတွေးအကြံမှတ်သားစဉ်းစား၍သိခြင်းမျိုးလည်းမဟုတ်ပါ။
***ထိုသိခြင်းအမှုကိုပြုနေသော"စိတ်"ကိုသိအပ်ပါ၏။
***အာရုံတို့နှင့်ထိတွေ့တိုင်းသိသိနေတတ်သည့်ထိုသိသည့်သဘော"စိတ်"ကိုအထူးသိအပ်လေ၏။
#အဘယ်ကြောင့်ပါနည်း။
***စိတ်၏စ၍ဖြစ်မှု၊တည်တံ့မှု၊အသစ်ဖြစ်ပေါ်မှု၊ထင်ရှားဖြစ်ပေါ်မှုသည်ဆင်းရဲ၏စ၍ဖြစ်မှု၊ရောဂါတို့၏တည်တံ့မှု၊အိုခြင်းသေခြင်း၏ထင်ရှားဖြစ်ပေါ်မှုမည်၏။
(ဥပ္ပါဒသံယုတ်)>စက္ခုသုတ်
#အာရုံတို့နှင့်ထိတွေ့တိုင်းဖြစ်ဖြစ်နေကြသည့်သိမှုသဘော"စိတ်"ကိုထိုသို့ရှုမြင်လျက်သိအပ်ကြောင်းကိုဗုဒ္ဓညွှန်လေ၏။
#ထိုအာရုံကိုသိသည့်စိတ်ကိုသာမိမိသိသည်ဟုနှလုံးသွင်းလျက်ယှဉ်ဖက်ဝေဒနာသဘောသညာသဘောတို့၌စွဲမှတ်ခံစားခြင်းအားဖြင့်ဆင်းရဲအစုတို့ဆက်လက်ဖြစ်ပေါ်နေအောင်အားထုတ်လျက်ဖြစ်နေကြချေ၏။
#အဇ္ဈတ္တဟုညွှန်အပ်သောမနောဓါတ်သဘော၌ထိုထိုအာရုံကိုသိမှုသဘောစိတ်တို့သည်>တရားကိုတရားအတိုင်းသိတတ်ရှုတတ်မှု"သတိ"စူးစိုက်ရှုမြင်နိုင်စွမ်း"သမာဓိ"သုံးသပ်နိုင်စွမ်း"ပညာ"တို့ဖြင့်ရှုမြင်ပါလျင်>>ချုပ်ခြင်းကိုသာပြနေလေ၏။
#အာရုံနှင့်ထိတွေ့၍ဖြစ်ဖြစ်သမျှစိတ်တို့သည်မနောအဇ္ဈတ္တ၌ချုပ်မှုသဘောကိုသာအရှုခံပြကြောင်းထူးစွာသိအပ်၏။
#ထို့ကြောင့်ဖြစ်ခြင်းဟူသမျှချုပ်ကြသည်သာဖြစ်သောကြောင့်ထိုသဘောသည်ပင်ဆင်းရဲမည်၏ဟုထူးစွာသိအပ်၏။
#ထိုဖြစ်ခြင်းဟူသမျှသည်လည်းမြင်မှုသည်မြင်တတ်သောသဘော၊ကြားမှုသည်ကြားတတ်သောသဘော၊သိမှုသည်သိတတ်သောသဘော>သူ့ဆိုင်ရာကိစ္စကိုဆောင်ကာချုပ်ပြသွားကြခြင်းသည်ပင်တရားတို့၏သဘာဝ>သူ့သဘောသူဆောင်နေခြင်းသက်သက်မျှ>အတ္တမှသုည်းဆိတ်လျက်အနတ္တသဘောသက်သက်တို့သာတည်းဟုထူးခြားစွာသိအပ်၏။
#ဖြစ်ခြင်းဟူသမျှချုပ်ငြိမ်းပြလျက်အတ္တမစွက်အနတ္တသက်သက်မျှသိမြင်ခြင်းကိစ္စပြည့်စုံလေလျင်
*ဖြစ်ခြင်းဟူသမျှဘေး{ }ဖြစ်ခြင်းကင်းသမျှဘေးကင်းရာ
**အားထုတ်ခြင်းကိုဆင်းရဲ{ }အားထုတ်ခြင်းမဟုတ်သိမြင်သက်ဝင်နေရုံမျှကိုချမ်းသာ
***အသစ်အသစ်တို့ထပ်ထပ်ဖြစ်နေခြင်းသည်ပင်ဆင်းရဲ{ }ဖြစ်စရာအလျဉ်းမရှိချုပ်နေခြင်းသည်သာပကတိရှိနေလေသည့်ချမ်းသာ
****ခန္ဓာအာယတနတို့ဖြစ်ခြင်းသည်ဆင်းရဲ{ }ခန္ဓာအာယတနတို့မဖြစ်ခြင်းသည်ချမ်းသာ
*****အပြင်အပကိုလိုက်မှတ်ခံစားအားထုတ်နေသမျှဆင်းရဲ{ }အတွင်းအဇ္ဈတ္တ၌ချုပ်မှုသဘောတို့ကိုစူးစိုက်ရှုမြင်နိုင်မှသာချမ်းသာ
******တစ်စုံတစ်ရာဖြစ်နေသမျှဆင်းရဲ{ }အလုံးစုံတို့၏ဖြစ်ခြင်းကင်းလျက်ကြည်စင်သောမနောဝိညာဏ်သက်သက်မျှဖြင့်သိအပ်သောနိဗ္ဗာန်သည်သာချမ်းသာအစစ်ဖြစ်ကြောင်းထူးခြားစွာသိအပ်သည်သာတည်း။ ။
-------{ }--------
#ပဋိသမ္ဘိဒါမဂ်
(၁)မဟာဝဂ်
ဖစ်ပေါ်ခြင်းကို ဘေး၊ ဖြစ်ပေါ်ခြင်းမဟုတ်သော နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ ဖြစ်ပွားခြင်းကို ဘေး၊ ဖြစ်ပွားခြင်းမဟုတ်သော နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ သင်္ခါရ နိမိတ်ကို ဘေး၊ သင်္ခါရနိမိတ် မဟုတ်သော နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ အားထုတ်ခြင်းကို ဘေး၊ အားထုတ်ခြင်း မဟုတ်သော နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ တစ်ဖန် ဘဝသစ် ဖြစ်ခြင်းကို ဘေး၊ တစ်ဖန်ဘဝသစ်မဖြစ်ခြင်း နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ ဂတိကို ဘေး၊ ဂတိမဟုတ်သော နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့၏ ဖြစ်ခြင်းကို ဘေး၊ ခန္ဓာတို့၏ မဖြစ်ခြင်းဟူသော နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ မဟဂ္ဂုတ်ဝိပါက်၏ ဖြစ်ပေါ်ခြင်းကို ဘေး၊ မဟဂ္ဂုတ်ဝိပါက်၏ မဖြစ်ပေါ်ခြင်း နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ ပဋိသန္ဓေနေခြင်းကို ဘေး၊ ပဋိသန္ဓေ မနေခြင်း နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ အိုခြင်းကို ဘေး၊ မအိုခြင်းနိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ နာခြင်းကို ဘေး၊ မနာခြင်း နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ သေခြင်းကို ဘေး၊ မသေခြင်းနိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ စိုးရိမ်ခြင်းကို ဘေး၊ မစိုးရိမ်ခြင်းနိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ ငိုကြွေးခြင်းကို ဘေး၊ မငိုကြွေးခြင်းနိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ ပြင်းစွာ ပင်ပန်းခြင်းကို ဘေး၊ ပြင်းစွာမပင်ပန်းခြင်း နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ (၃ဝ)
ဖြစ်ပေါ်ခြင်းကို သာမိသ၊ ဖြစ်ပေါ်ခြင်းမဟုတ်သော နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ဖြစ်ပွါးခြင်းကို သာမိသ၊ ဖြစ်ပွါးခြင်းမဟုတ်သော နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ သင်္ခါ နိမိတ်ကို သာမိသ၊ သင်္ခါရနိမိတ်မဟုတ်သော နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ အားထုတ်ခြင်းကို သာမိသ၊ အားထုတ်ခြင်းမဟုတ်သော နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို သာမိသ၊ တစ်ဖန် ဘဝသစ်မဖြစ်ခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ဂတိကို သာမိသ၊ ဂတိမဟုတ်သော နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့၏ဖြစ်ခြင်းကို သာမိသ၊ ခန္ဓာတို့၏မဖြစ်ခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ မဟဂ္ဂုတ်ဝိပါက်၏ ထင်ရှားဖြစ်ပေါ်ခြင်းကို သာမိသ၊ မဟဂ္ဂုတ်ဝိပါက်၏ ထင်ရှားမဖြစ်ပေါ်ခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ပဋိသန္ဓေနေခြင်းကို သာမိသ၊ ပဋိသန္ဓေမနေခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ အိုခြင်းကို သာမိသ၊ မအိုခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ နာခြင်းကို သာမိသ၊ မနာခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ သေခြင်းကို သာမိသ၊ မသေခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ပူပန်ခြင်းကို သာမိသ၊ မပူပန်ခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ငိုကြွေးခြင်းကို သာမိသ၊ မငိုကြွေးခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ပြင်းစွာပင်ပန်းခြင်းကို သာမိသ၊ ပြင်းစွာမပင်ပန်းခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ (၃ဝ)
Tuesday, November 6, 2018
Subscribe to:
Post Comments (Atom)
###ထိုနိဗ္ဗာန်သည်ရှိသည်သာတည်း### *********************** #ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိမြင်မှသာလျင်သဘောကျနိုင်ပါလိမ့်မည်။ *မှန်းဆ၍လည...
-
###မနောဝိညာဏဓာတ်အထူးသိတတ်သောစိတ်### **************** @#မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်စတဲ့အကြည်ဓာတ်ငါးမျိုးကမှန်လိုအရိပ်ထင်ပေးရုံ...
-
###ယောနိသောမနသိကာရ### *********************** @ ယောနိသောမနသိကာရ သင့်တင့်လျောက်ပါတ်စွာနှလုံးသွင်းခြင်း(လျော်စွာရှုခြင်း) သည်လွန်စွ...
-
###အယူစင်ကြယ်ခဲ့ပါမူ### ******************* @"ဒါမှန်တယ်" "ဒါမှအမှန်တရားစစ်စစ်" "မဟုတ်ဘူးမှားတယ်...

No comments:
Post a Comment