#အဝိဇ္ဇာမှဝိဇ္ဇာသို့
#မသိခြင်းများမှသိခြင်းတရားသို့
****လူသားသည်အသိဉာဏ်အဆင့်အတန်းမြင့်မားပြီးမှတ်သားအားကောင်းသောကြောင့်လောကအကြောင်းအရာများကိုသိသည်တတ်သည်ဟုအထင်ရောက်ကြလေ့ရှိ၏။
****ပရမတ္ထအမြင်ဖြင့်ကြည့်၍ရှင်တော်ဗုဒ္ဓကအမြင်မှားအထင်မှားခြင်းသို့ရောက်နေသောလူသားတို့အားအဝိဇ္ဇာအမှန်မသိသူအမှောင်ဖုံးနေသူများဟုမိန့်၏။
****ရှင်တော်ဗုဒ္ဓဘုရားအဖြစ်သို့ရောက်ပြီးစ၌
"လူသားအားလုံးတို့သည်အဝိဇ္ဇာ
မသိမှုအမှောင်ဖုံးနေကြသူများသာတည်း
ငါသာလျင်ဝိဇ္ဇာ
အမှန်သစ္စာတရားတို့ကိုသိမြင်သူသာတည်းဟုဥဒါန်းပါဠိတော်၌မိန့်ဆိုခဲ့လေသည်။
#လူတို့သည်တစ်ခုခုကိုမြင်သည့်အခါငါမြင်သည်ဟုနှလုံးသွင်းတတ်ကြ၏
ကြားသည့်အခါ---------နံစားထိ------------
သဘောတရားတစ်ခုခုကိုတွေးသည့်အခါငါသိသည်ဟုနှလုံးသွင်းတတ်ကြ၏။
အဝိဇ္ဇာဖုံးသောအမြင်မှားမှုသာတည်း။
ပရမတ္ထအမှန်ကိုဗုဒ္ဓကဤသို့ပြ၏။
မျက်စိအဆင်းတိုက်ဆုံလျင်စက္ခုဝိညာဏ်ဖြစ်၏
မျက်စိအဆင်းစက္ခုဝိညာဏ်ထိုသုံးမျိုးပေါင်းဆုံမှုကြောင့်စက္ခုသမ္ဖဿဖြစ်၏
စက္ခုသမ္ဖဿကြောင့်စက္ခုသမ္ဖဿဇာဝေဒနာဖြစ်ပေါ်၏
ထိုဝေဒနာကိုသင်တို့အနိစ္စတောဒုက္ခတောအနတ္တတောဟုရှုမြင်ရမည်ဟု
#သံယုတ်ပါဠိတော်သယတနဝဂ္ဂသံယုတ်၌တော်တော်များများညွှန်ထားသည်ကိုနာကြားနှလုံးသွင်းခြင်းဖြင့်ပရမတ္ထဓမ္မသဘောကိုဉာဏ်အမြင်ဖြစ်စေပေသည်။
ဓမ္မသဘောကိုအသေအချာနားလည်သဘောပေါက်ပါမှရှုရမည့်တရားအမှန်ကိုသိပေမည်။
ရှုသည့်တရားမှန်ပါမှအနိမိတ္တအနိစ္စဟုဟောညွှန်သောသဏ္ဌာန်နိမိတ်ကင်းဆိတ်သည့်မမြဲခြင်းသဘောရှုလိုက်တိုင်းမရှိသည့်သဘောပျောက်ပျက်သွားသောလက္ခဏာကိုဉာဏ်အမြင်သက်ရောက်ပေလိမ့်မည်။
#တစ်စုံတစ်ခုရှိနေသေးလျင်ပုံသဏ္ဌာန်နမိတ်တစ်ခုခုပေါ်နေသေးလျင်ခံစားမိနေလျင်မှတ်သားမိနေလျင် ပရမတ္ထအမြင်အနိစ္စလက္ခဏာမဟုတ်ပါ။
#ပရမတ္ထဘာဝအနိစ္စလက္ခဏာကိုအမှန်မြင်မှသာလျင်အဝိဇ္ဇာပျောက်၍ဝိဇ္ဇာရောက်မည်ဖြစ်ပါသတည်း။ ။
#မေတ္တာအားဖြင့်
#ီးအောင်လွင်ီး
ဥဥ
Tuesday, November 6, 2018
Subscribe to:
Post Comments (Atom)
###ထိုနိဗ္ဗာန်သည်ရှိသည်သာတည်း### *********************** #ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိမြင်မှသာလျင်သဘောကျနိုင်ပါလိမ့်မည်။ *မှန်းဆ၍လည...
-
###မနောဝိညာဏဓာတ်အထူးသိတတ်သောစိတ်### **************** @#မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်စတဲ့အကြည်ဓာတ်ငါးမျိုးကမှန်လိုအရိပ်ထင်ပေးရုံ...
-
###ယောနိသောမနသိကာရ### *********************** @ ယောနိသောမနသိကာရ သင့်တင့်လျောက်ပါတ်စွာနှလုံးသွင်းခြင်း(လျော်စွာရှုခြင်း) သည်လွန်စွ...
-
###အယူစင်ကြယ်ခဲ့ပါမူ### ******************* @"ဒါမှန်တယ်" "ဒါမှအမှန်တရားစစ်စစ်" "မဟုတ်ဘူးမှားတယ်...

No comments:
Post a Comment