###တဏှာကြီးစိုးသောစိတ်ဖြင့်မထင်အပ်###
***********************
@အရိယာတရားမနာကြားအပ်သော
အရိယာတရား၌မလိမ္မာသော
အရိယာတရားဖြင့်မယဉ်ကျေးသောသူတို့၌
မိမိတို့သန္တာန်တွင်ဖြစ်ပေါ်လျက်ရှိသောတရားကိုမသိမမြင်ကြချေ။
#အစဉ်အဆက်အလေ့အထဖြစ်ခဲ့သောအပြင်အပအာရုံတို့အပေါ်၌သာလျင်ကျက်စားလျက်
မိမိအတွင်းသဘော၌အမှန်တစ်ကယ်ဖြစ်ပေါ်နေသည့်အာရုံတရားတို့၌စွဲမှတ်ကပ်ညိမှုတဏှာဖြင့်ပြီးသောဥပါဒါနက္ခန္ဓာတို့ဖြစ်ပေါ်နေခြင်းကိုမူမသိတတ်ကြချေ။
#ဗုဒ္ဓ၏ပဉ္စက္ခန္ဓာဟုဟောကြားခြင်းသည်လည်းကောင်း
ပဉ္စုပါဒါနက္ခန္ဓာဟုဟောကြားခြင်းသည်လည်းကောင်း
သစ္စာတရားကိုသိမြင်စေခြင်းအလို့ငှာဟောကြားမှုများသာဖြစ်လေ၏။
#မချွတ်မယွင်းအမှန်။ဧကန်အမှန်။အရှိအမှန်တရားများဖြစ်သောသစ္စာလေးပါးတရားတို့အားရှေးဦးစွာသုတမယဉာဏ်အရာအားဖြင့်သိအပ်သောကြောင့်ဘုရားအဖြစ်ရောက်တော်မူပြီးစတင်ဟောကြားအပ်သောဓမ္မစက္ကပဝတ္တနသုတ္တံဖြင့်ဓမ္မစည်ကြီးစတင်တီးလျက်ဓမ္မဒီပိကာတရားဆီမီးအလင်းရောင်ကြီးကိုစတင်ဖြန့်ကျက်တော်မူခဲ့လေ၏။
***ဤ၌ဟောပြညွှန်မှုအစုစုကိုဒေသနာအားဖြင့်၎င်းအနက်အဓိပ္ပါယ်ကိုမိမိသန္တာန်အမှန်ဖြစ်နေသည့်ခန္ဓာသဘောများကိုရှုမြင်လျက်၎င်းသုံးသပ်နိုင်စွမ်းရှိပါလျင်အရိယာသစ္စာတို့ကိုသိမြင်ဘဘောပေါက်လျက်ဉာဏ်ပညာအားဖြင့်သာလိုက်ပါသုံးသပ်လျက်အဆင့်ဆင့်မြင့်သောအသိဉာဏ်များဖြစ်စေနိုင်သည့်တရားတော်များသာတည်းဟုသိမြင်နားလည်နိုင်ပေ၏။
#စင်စစ်ခန္ဓာသည်လည်းကောင်းဥပါဒါနက္ဓန္ဓာသည်လည်းကောင်းပရမတ္ထတရားသာလျင်ဖြစ်လျက်အရိယာတို့သိအပ်သောဒုက္ခသစ္စာမည်ပေ၏။(မဟာသတိပဋ္ဌာနသုတ္တံကြီးအားသေချာကျနနာယူနှလုံးသွင်းအပ်ကုန်၏)
#ပရမတ္ထတရားလေးပါးဟုဟောညွှန်အပ်သော
စိတ်။စေတသိက်။ရုပ်။နိဗ္ဗာန် တို့တွင်စိတ်စေတသိက်ရုပ်သုံးပါးသည်ခန္ဓာငါးပါးအပေါင်းအစုဖြစ်တည်မှုကိုညွှန်းဆိုပြီးနိဗ္ဗာန်သည်ထိုခန္ဓာတို့ချုပ်မှုငြိမ်းမှုကိုညွှန်ပါသည်။
#ထို့ကြောင့်မျက်မှောက်၌ဧကန်စင်စစ်ဖြစ်ပေါ်နေသောခန္ဓာတရားအားလည်းကောင်းအရိယာတရား၌မလိမ္မာမယဉ်ကျေးသေးသောသူ၌တဏှာမာနဒိဋ္ဌိတို့ဖြင့်ယှဉ်ဖြစ်သောဥပါဒါနက္ခန္ဓာတရားအားလည်းကောင်းမိမိသန္တာန်ဉာဏ်စိုက်လျက်ရှုမြင်အပ်သောတရားအဖြစ်ညွှန်ပါသည်။
#အကြောင်းကိုစွဲလျက်ဖြစ်ပေါ်လာသောထိုတရားတို့သည်အကျိုးအားလျော်စွာပျောက်ပျက်ကုန်ဆုံးသွားကြသည်ကိုအမှန်အတိုင်းသိမြင်သဘောပေါက်စေရန်ညွှန်သည့်ခန္ဓာနှင့်ဥပါဒါနက္ခန္ဓာတို့သည်ဒုက္ခသစ္စာထိုက်သောပရမတ္ထတရားများသာလျင်ဖြစ်ပါ၏။
#ထိုပရမတ္ထတရားများသာစင်စစ်ဧကန်ဖြစ်သောခန္ဓာသည်လ
ည်းကောင်းဥပါဒါနက္ဓန္ဓာသည်လည်းကောင်းချုပ်ခြင်းငြိမ်းခြင်းကိုရှုမြင်သဘောပေါက်နားလည်မှသာလျင်ပရမတ္ထတရားဖြစ်သောနိဗ္ဗာန်ကိုခန္ဓာတို့ချုပ်ငြိမ်းလျက်တဏှာကင်းစင်သောဉာဏ်အမြင်ဖြင့်သိမြင်မျက်မှောက်ပြုနိုင်ပေမည်။
#တဏှာကြီးစိုးလျက်ဥပါဒါနက္ခန္ဓာတို့ဖြစ်ပေါ်နေသောပုထုဇဉ်တို့၏သန္တာန်၌အရိယသစ္စာတရားတို့သည်မထင်နိုင်ကြကုန်။
#အစအလည်အဆုံးကောင်းခြင်းသုံးဖြာဖြင့်ပြည့်စုံပြီးဖြစ်သောဓမ္မသဘောတို့ကိုသေချာကျနဟောညွှန်ပြတော်မူသောမြတ်ဗုဒ္ဓ၏ဒေသနာအားကိုကောင်းစွာယူလျက်မိမိတို့၏ဉာဏ်ပညာမျက်စိကိုစတင်ဖွင့်အပ်ပါသည်။
_/|\_သံယုတ္တနိကာယ်>
ခန္ဓဝဂ္ဂသံယုတ်
ပုဏ္ဏမသုတ္တံအားခန္ဓာဥပါဒါနက္ခန္ဓာတို့၌ဉာဏ်အမြင်ရှင်းစေရန်သေချာကျနနာယူအပ်ပါကြောင်း
#Commentတွင်မဟာသတိပဋ္ဌာနသုတ္တံအားယှဉ်တွဲသုံးသပ်နိုင်ပါရန်တင်ပြအပ်ပါသည်။
Tuesday, November 6, 2018
Subscribe to:
Post Comments (Atom)
###ထိုနိဗ္ဗာန်သည်ရှိသည်သာတည်း### *********************** #ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိမြင်မှသာလျင်သဘောကျနိုင်ပါလိမ့်မည်။ *မှန်းဆ၍လည...
-
###မနောဝိညာဏဓာတ်အထူးသိတတ်သောစိတ်### **************** @#မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်စတဲ့အကြည်ဓာတ်ငါးမျိုးကမှန်လိုအရိပ်ထင်ပေးရုံ...
-
###ယောနိသောမနသိကာရ### *********************** @ ယောနိသောမနသိကာရ သင့်တင့်လျောက်ပါတ်စွာနှလုံးသွင်းခြင်း(လျော်စွာရှုခြင်း) သည်လွန်စွ...
-
###အယူစင်ကြယ်ခဲ့ပါမူ### ******************* @"ဒါမှန်တယ်" "ဒါမှအမှန်တရားစစ်စစ်" "မဟုတ်ဘူးမှားတယ်...

No comments:
Post a Comment