###ထူးစွာရှုခြင်းဆိုသည်မှာ###
**********************
@လောကကြီးလို့အများပြောဆိုနေ
ကြတဲ့
လောကကြီးလို့အများသိမြင်နေတဲ့
အပြင်အပအရာတွေအားလုံးဟာ
အာရုံပေးဝတ္ထုများသာဖြစ်ပါတယ်
ဘယ်အရာကြောင့်ပဲဖြစ်ဖြစ်
ဘာကြောင့်ပဲဖြစ်ဖြစ်
မိမိတို့သန္တာန်မှာတော့အာရမ္မဏပစ္စယ
သတ္တိရဲ့အစွမ်းကြောင့်ဖြစ်ပေါ်လာတာက မြင်သိစိတ်/ကြားသိစိတ်မျှသာဖြစ်
ပေါ်လာတာအမှန်စစ်စစ်
"ရူပါယတနံ-ရူပါရုံသည်-စက္ခုဝိညာဏဓာတုယာ-စက္ခုဝိညာဏဓါတ်အားလည်းကောင်း
တံသမ္ပယုတ္တကာနံ-ထိုစက္ခုဝိညာဏ
ဓါတ်နှင့်သမ္ပယုတ်ဖြစ်ကုန်သော
ဓမ္မာနဉ္စ-စေတသိက်တရားတို့အား
လည်းကောင်း
အာရမ္မဏပစ္စယေန-အာရမ္မဏပစ္စယ
သတ္တိဖြင့်
ပစ္စယော-ကျေးဇူးပြုနိုင်သည်
ဟောတိ-ဖြစ်၏"
လို့ဘုရားရှင်ကတရားဖြစ်စဉ်ကိုမြင်ပြ
တယ် ဟောညွှန်တယ်
လောကကြီးတစ်ခုလုံးဘာတွေဘ
ယ်လောက်များများ
သိစရာ မှတ်စရာ လေ့လာစရာ
တွေဘယ်လိုများများ
အဆင်းရယ် အသံရယ် အနံ့ရ
ယ် အရသာရယ် ထိတွေ့စရာ
ရယ် သဘောတရားရယ် ဒီ
ခြောက်မျိုးသာလျင်ရှိပါတယ်လို့
အရိယာပညာနဲ့ဝေဖန်ပိုင်းခြားပြပါတယ်
်
#အရိယာပညာနဲ့လောကကြီးကိုလေ့လာဆန်းစစ်မယ်ဆိုရင်တော့
®®®အာရုံခြောက်ပါးထက်မပိုပါ
သိစရာခြောက်မျိုးသာလျင်ရှိပါ
တယ်
®®®ထိုခြောက်မျိုးသည်လည့်း အာရမ္မဏပစ္စယသတ္တိရဲ့အစွမ်းကြောင့်ဖြစ်ပေါ်လာသည့်အာရုံသိစိတ်အဖြစ်
သာမိမိသန္တာန်၌အမှန်တစ်ကယ်ဖြစ်ပေါ်ပါတယ်
ဒီထက်မပိုဘူး
ဒါထက်လည်းလျော့လို့မရဘူး
အဲဒါလူတိုင်းအတွက်အမှန်
ဒါကန့်သတ်ချက်မရှိတဲ့ချွင်းချ
က်မရှိမှန်တဲ့အမှန်
ဘယ်လိုလူမျိုးဖြစ်ဖြစ် ဘယ်
နေရာမှာဖြစ်ဖြစ် ဘာပဲလုပ်နေနေ
ဓမ္မဖြစ်စဉ်ကတစ်ခုတည်းသောအမှန်
အာရုံသိစိတ်သာလျင်ဖြစ်ပေါ်ကြောင်း
ကိုအရိယာပညာနဲ့မြင်ပြတယ်
အရိယာပညာကိုသဘောပေါ
က်နားလည်သွားသူတွေကိုအာရုံသိစိတ်ကို၎င်း ဝေဒနာကို၎င်း သဘော
တရားကို၎င်း ရုပ်ကို၎င်း အထူးအား
ဖြင့်ရှုမြင်စေပါတယ်
အရိယာပညာမရပဲဝိပဿနာ
မရှုတတ်ပါ
အရိယာပညာကိုသဘောပေါ
က်သိမြင်ခြင်းမရှိပဲသတိပဋ္ဌာန်ကျင့်ပွားပါကအရိယမဂ်ထွက်စေနိုင်သောအားကြီးသည့်ဝိပဿနာမဖြစ်ပါ
ထိုအချက်ကိုအထူးဂရုပြုရ
ပါမယ်
ဘုရားဖြစ်တော်မူစဗုဒ္ဓသည်
"တစ်လောကလုံးသည်အဝိဇ္ဇာဖြစ်၏
ငါသာလျင် ဝိဇ္ဇာဖြစ်၏ "ဟုဥဒါန်းကျူး
ရင့်ခဲ့ပြီးလေးဆယ့်ငါးဝါကာလပါတ်လုံး
သတ္တဝါတို့အမှန်တရားကိုသိမြင်စေရန်မနေမနားဟောကြားညွှန်ပြသိမြင်စေခြင်းကိုထောက်ရှုလျင်တရားတော်တို့အားဦးစွာနာကြားဖို့ရာလွန်စွာမှအရေးကြီးလှပါတယ်
@ကိုယ့်သန္တာန်မှာဖြစ်ပေါ်နေတဲ့အာရုံ
သိစိတ်တွေကိုတရားဖြစ်ပေါ်နေခြင်းဟုသိရပါမယ်
ဒါကြောင့်တရားနဲ့လွတ်နေတဲ့အချိ
န်ရယ်လို့မရှိပါ
တရားလို့သိသလား မသိသလား
ဆိုတာပဲရှိမယ်
တရားကိုရှုသလားမေ့နေသလာ
းဆိုတာကွာခြားလိမ့်မယ်
မရှုတတ်ရင်
မရှုမိရင်လော/ဒေါ/မော တွေ
ဝင်ယှဉ်လိမ့်မယ် ဥပါဒါနက္ခန္ဓာတွေ
ဆက်ဖြစ်မယ် အာသဝေါတရားယို
စီးမယ် သံသရာလည်မယ်
တရားတော်တွေကိုနားလည်
သဘောပေါက်သွားလို့အာရုံသိစိတ်တွေဟာတရားဖြစ်တယ် ယှဉ်ဖက်ခံစားမှုသဘောမှတ်သားမှုသဘောတွေဟာရှုမြင်ရမဲ့တရားတွေဖြစ်တယ်ဆိုတာကိုသိမြင်ပြီးဗုဒ္ဓဖွင့်ပေးတဲ့အရိယာသာဝကမျက်စိနဲ့ ဝိပဿနာရှုလိုက်တော့
ချုပ်ပျောက်သွားတဲ့သဘောအမှန်
"အနိစ္စလက္ခ္ခဏာ"ကို တွေ့မြင်ရမှာဖြစ်တယ်
"အနိစ္စလက္ခ္ခဏာ"ကိုသိလိုက်
တဲ့အမြင်ဟာဝိပဿနာဉာဏ်မည်တယ်
®®®တစ်ကယ်မှန်ကန်တဲ့ဝိပဿနာဉာဏ်အမြင်ဟာရှုချက်တစ်ချက်တိုင်းမှာအာရုံသိစိတ်ချုပ်ပျောက်တာရောယှဉ်ဖက်ဝေဒနာသညာတွေချုပ်ပျောက်တာရော
အာရုံခံရုပ်သတ္တိတွေချုပ်ပျောက်တာရော စိတ်မှာလာထင်တဲ့ပုံရိပ်တွေ ချုပ်ပျောက်တာရော
ကိလေသာကင်းနေတဲ့စိတ်ရဲ့အခြေအနေတစ်ရပ်ကိုရော ထင်ထင်ရှားရှားသိမြင်သွားပါတယ်
®®®အဲဒီဝိပဿနာဉာဏ်အမြင်ဟာ
ခန္ဓာတို့ချုပ်ဆုံးရာ
ကိလေသာအာသဝေါတို့ကင်း
စင်ရာ
ပကတိအရှိတရားဖြစ်တဲ့ချုပ်
ငြိမ်းရာကိုသိမြင်ဖို့ရာပထမ
ခြေလှမ်းပင်ဖြစ်ပါတယ်
#ဝိပဿနာတရားအားထုတ်ခြင်းအတွက်မှန်ကန်သောသဘောထားအမြင်မှန်ကန်သောအရှုခံအာရုံတို့ကိုဉာဏ်အမြင်ပေါက်စေရန်ညွှန်အပ်သောဝိသုဒ္ဓိမဂ်>ပညာဘူမိနိဒ္ဒေသ>ပညာ၏ဖြစ်ရာဘုံ>အာရုံကိုပြဆိုချက်တို့ကိုအထူးအားဖြင့်ရှေ့ဦးစွာလေ့လာသုံးသပ်အပ်ပါကြောင်း
#မေတ္တာအားဖြင့်
#တိုးတိုး
Tuesday, November 6, 2018
Subscribe to:
Post Comments (Atom)
###ထိုနိဗ္ဗာန်သည်ရှိသည်သာတည်း### *********************** #ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိမြင်မှသာလျင်သဘောကျနိုင်ပါလိမ့်မည်။ *မှန်းဆ၍လည...
-
###မနောဝိညာဏဓာတ်အထူးသိတတ်သောစိတ်### **************** @#မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်စတဲ့အကြည်ဓာတ်ငါးမျိုးကမှန်လိုအရိပ်ထင်ပေးရုံ...
-
###ယောနိသောမနသိကာရ### *********************** @ ယောနိသောမနသိကာရ သင့်တင့်လျောက်ပါတ်စွာနှလုံးသွင်းခြင်း(လျော်စွာရှုခြင်း) သည်လွန်စွ...
-
###အယူစင်ကြယ်ခဲ့ပါမူ### ******************* @"ဒါမှန်တယ်" "ဒါမှအမှန်တရားစစ်စစ်" "မဟုတ်ဘူးမှားတယ်...

No comments:
Post a Comment