###အာရုံသိစိတ်တို့နောက်တွင်###
************************
#နေ့စဉ်ဘဝထဲမှာလက်တွေ့အကျဆုံးဖြစ်ပေါ်နေပါတယ်
#မျက်မှောက်မှာလည်းထင်ရှားရှိတယ်
#မသိရင်တော့အမှားတွေလုပ်မိကြမှာဖြစ်ရိုးဖြစ်စဉ်ဖြစ်နေကျ
#သိမြင်လာရင်အမှားတွေဟာအဲဒီကစကြတာ
#အမှားကိုပြင်အမှန်မြင်စေဖို့ဗုဒ္ဓမြတ်စွာအသေအချာဟောညွှန်ပြခဲ့တဲ့တရား
@စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇန္တိ
စက္ခုဝိညာဏံ
မျက်စိနဲ့အဆင်းတိုက်ဆုံတဲ့အခါ
မြင်သိစိတ်ဖြစ်ပေါ်တယ်
တရားဖြစ်စဉ် ကအဲဒီကစတာ
တရားဖြစ်စဉ် ကအဲတာကိုသိမှအခြေ
ခံကိုသိတာ
တရားဖြစ်စဉ်ကိုအခြေခံကစသိမှတစ်ဆင့်ပြီးတဆင့်မြင့်တက်သွားနိုင်တာ
#အာရုံသိစိတ်ပေါ်ပြီးနောက်မှာ
လူမိုက်နဲ့ပညာရှိလမ်းခွဲသွားတယ်
#အာရုံသိစိတ်ပေါ်ပြီးနောက်မှာ
ပုထုဇဉ်နဲ့အရိယာလမ်းခွဲသွားတယ်
#အာရုံသိစိတ်ပေါ်ပြီးနောက်မှာ
အဝိဇ္ဇာနဲ့ဝိဇ္ဇာလမ်းခွဲသွားတယ်
###အဲဒီဖြစ်စဉ် ကိုသိစေခြင်တာ
အဲဒီဖြစ်စဉ် ကိုရှုမြင်စေခြင်တာ
အဲဒီဖြစ်စဉ် ကိုရှုမြင်တတ်သွားတာကို
အရိယာသာဝကဖြစ်သွားပြီလို့ဗုဒ္ဓဆိုလိုတာ
အဲဒီဖြစ်စဉ်ကိုမသိလို့ရူးကြမိုက်ကြတာ
အဲဒီဖြစ်စဉ်ကိုမသိလို့သံသရာတွေရှည်ခဲ့ရတာ
အဲဒီဖြစ်စဉ် ကိုမသိလို့ပူဆွေး
ငိုကြွေးသောကပရိဒေဝတွေနဲ့လောင်မြိုက်ခဲ့ရပေါင်းများလှပါပြီ
@သိသင့်ပါပြီ
ပြင်သင့်ပါပြီပြောင်းလဲကျင့်သုံးအပ်
ပါပြီ
မြင်စိတ်ကိုငါမြင်တယ်လို့နှလုံးသွင်
းမှားလိုက်တဲ့အတွက်အထင်မှားအမြင်မှားတွေဆက်ဖြစ်ကုန်တော့တာပါပဲ
မြင်စိတ်ကိုတရား(ခန္ဓာ) လို့မရှုမြင်တတ်တဲ့အတွက်ငါမြင်တာလို့နှလုံးသွင်းလိုက်တဲ့အတွက်အထင်မှားအမြင်မှားတွေဆက်ဖြစ်ကုန်တော့တာပါပဲ
#မြင်စိတ်ပေါ်မှာ စိတ္တဝိပ္ပလ္လာသ အ
သိမှားတွေစတင်ဖုံးလွှမ်းသွားတယ်
စိတ်အညစ်အကြေးစတင်တယ်
ဘုရားရှင်ကစိတ်ဖောက်ပြန်မှုလို့
ပြင်းပြင်းထန်ထန်ရှုတ်ချဟောတော်
မူတယ်
#မြင်စိတ်ပေါ်မှာ စိတ္တဝိပ္ပလ္လာသ အသိမှားတွေစတင်ဖုံးလွှမ်းသွားတဲ့အခါသညာဝိပ္ပလ္လာသအမှတ်မှားလည်းဆက်ဖြစ်လာတယ်
စိတ်အညစ်အကြေးတွေဆက်ဖုန်း
လွှမ်းပြန်တယ်
ဘုရားရှင်ကအမှတ်ဖောက်ပြန်မှုလို့
ပြင်းပြင်းထန်ထန်ရှုတ်ချဟောတော်
မူတယ်
# မြင်စိတ်ပေါ်မှာ စိတ္တဝိပ္ပလ္လာသ အ
သိမှားတွေစတင်ဖုံးလွှမ်း
သညာ ဝိပ္ပလ္လာသအမှတ်မှားတွေဖုံး
လွှမ်းသွားတဲ့အခါဒိဋ္ဌိ ဝိပ္ပလ္လာသ
အယူမှားတွေဖြစ်ကုန်ပါရော်
စိတ်အညစ်အကြေးတွေအပြည့်ဖုံး
လွှမ်းသွားပြီဖြစ်လို့အမှန်ကိုမမြင်
နိုင်တော့ပါဘူ်း
ဘုရားရှင်ကအယူဖောက်ပြန်မှုလို့
ပြင်းပြင်းထန်ထန်ရှုတ်ချဟောတော်
မူတယ်
@ဒီတရားဆိုးတွေဖြစ်ရခြင်းက
မြင်သိစိတ်မှာယှဉ်ဖြစ်တဲ့မနသိကာ
ရကစတာ
အရိယာတရားမနာကြားဘူးလို့
အရိယာတရားမှာမလိမ္မာလို့
အရိယာတရားဖြင့်မယဉ်ကျေးအပ်လို့
# မြင်သိစိတ်မှာအယောနိသောမနသိ
ကာရယှဉ်ဖြစ်သွားလို့
#မြင်စိတ်ကိုငါ,ငါမြင်တာလို့
နှလုံးသွင်းမှားသွားတဲ့အတွက်
အနိစ္စ(မခိုင်မြဲခြင်းသဘောလက္ခဏာ)
ကိုမတွေ့မြင်ပဲ
(၁)မြဲတယ်လို့အသိမှား
(၂)မြဲတယ်လို့အမှတ်မှား
(၃)မြဲတယ်လို့အယူမှား
ဒုက္ခ(မကောင်းတဲ့ သဘောလက္ခဏာ)
ကိုမတွေ့မြင်ပဲ
(၁)ကောင်းတယ်လို့အသိမှား
(၂)ကောင်းတယ်လို့အမှတ်မှား
(၃)ကောင်းတယ်လို့အယူမှား
အနတ္တ(သူ့သဘောသူဆောင်တဲ့ သဘောလက္ခဏာ)ကိုမတွေ့မြင်ပဲ
(၁)ပိုင်ဆိုင်တယ်လို့အသိမှား
(၂)ပိုင်ဆိုင်တယ်လို့အမှတ်မှား
(၃)ပိုင်ဆိုင်တယ်လို့အယူမှား
အသုဘသဘောဆောင်တဲ့ရုပ်တရား
(ဝိညာဏ်ခြယ်သအပ်သောသဝိညာဏကအသုဘ သံယုတ္တ ပါ ရှု)ကို
မတွေ့မြင်ပဲ
(၁)တင့်တယ်တယ်လို့အသိမှား
(၂)တင့်တယ်တယ်လို့အမှတ်မှား
(၃)တင့်တယ်တယ်လို့အယူမှား
တွေဟာပုထုဇဉ်တွေရဲ့သဏ္ဌာန်မှာဖြစ်ပေါ်နေကြလေရဲ့
@ဒါတွေရဲ့အရင်းခံက
မျက်စိနဲ့အဆင်းတိုက်ဆုံတဲ့အခါ
မြင်သိစိတ်ဖြစ်ပေါ်တယ်
ဆိုတဲ့အရိယာတရား
ခန္ဓာကိုညွှန်ပြတဲ့တရား
ရှုမြင်အပ်တဲ့တရားကို
မသိလို့ သဘောမပေါက်လို့
မမြင်လို့ မရှုတတ်လို့
ဝိပဿနာ ( မြင်နေကြအမြင်မျိုးမဟု
တ်ပဲထူးစွာဉာဏ်ဖြင့်ရှုမြင်ခြင်း)မလုပ်
တတ်ကြလို့ပါပဲ
@အဆင်းတွေအသံတွေအနံ့တွေအရသာတွေထိစရာတွေသဘောတရားတွေကအာရုံအဖြစ်နဲ့ကျေးဇူးပြုလိုက်လို့
ပေါ်လာတဲ့အာရုံသိစိတ်
သူနဲ့ယှဉ်ဖြစ်တဲ့ဝေဒနာသညာသင်္ခါရ
တွေကိုတရားလို့သိဖို့သဘောပေါက်အောင်အရိယာတရားနာကြားဖို့
ယောနိသောမနသိကာရ(လျော်စွာနှလုံးသွင်းသည့်သဘော)နှင့်အတူရှုမြင်ကျင့်ပွားခြင်း
ထိုမှန်စွာရှုမြင်ခြင်းကြောင့်သိမြင်လာသည့်အမြင်တွင်စိတ်၌တရားဆိုးတရားညစ်များဆက်လက်ဖြစ်ပေါ်ခြင်းရှိမရှိ
စသည်တို့ကိုမိမိသဏ္ဌာန်၌ကိုယ်တိုင်ဖြည့်ဆည်းအပ်ပါတယ်
ဆည်းပူးအပ်ပါတယ်
ရှုမြင်ကျင့်သုံးအပ်ပါတယ်
_/|\_ရဟန်းတို့။
ခန္ဓာဓါတ်အာယတနရှိသမျှကိုလည်းအထင်မမှား။
ထိုခန္ဓာဓါတ်အာယတနရှိသမျှ၌လည်းအထင်မမှား။
ထိုခန္ဓာဓါတ်အာယတနရှိသမျှမှလည်းအထင်မမှား။
ငါ၏ခန္ဓာဓါတ်အာယတနဟုလည်းအထင်မမှား။
ထိုရဟန်းသည်ဤသို့အထင်မမှားသည်ဖြစ်၍လောက၌အဘယ်အရာကိုမျှမစွဲလမ်း။
မစွဲလမ်းသော်မတောင့်တ။
မတောင့်တသော်မျက်မှောက်ဘဝ၌ပင်ကိလေသာမှငြိမ်းအေး၏။
###သံယုတ္တနိကာယ်>သဠာယတနဝဂ္ဂ>ပဋ္ဌမသမုဂ္ဃါတသပ္ပါယသုတ်တော်အားနာယူနှလုံးသွင်းလျက်
#မေတ္တာအားဖြင့်
#တိုးတိုး
်
Tuesday, November 6, 2018
Subscribe to:
Post Comments (Atom)
###ထိုနိဗ္ဗာန်သည်ရှိသည်သာတည်း### *********************** #ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိမြင်မှသာလျင်သဘောကျနိုင်ပါလိမ့်မည်။ *မှန်းဆ၍လည...
-
###မနောဝိညာဏဓာတ်အထူးသိတတ်သောစိတ်### **************** @#မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်စတဲ့အကြည်ဓာတ်ငါးမျိုးကမှန်လိုအရိပ်ထင်ပေးရုံ...
-
###ယောနိသောမနသိကာရ### *********************** @ ယောနိသောမနသိကာရ သင့်တင့်လျောက်ပါတ်စွာနှလုံးသွင်းခြင်း(လျော်စွာရှုခြင်း) သည်လွန်စွ...
-
###အယူစင်ကြယ်ခဲ့ပါမူ### ******************* @"ဒါမှန်တယ်" "ဒါမှအမှန်တရားစစ်စစ်" "မဟုတ်ဘူးမှားတယ်...

No comments:
Post a Comment