###လမ်းမှန်ကိုလျှောက်###
::::::::::::::::::::::::::::::::::::::::::
@မဂ္ဂင်လမ်းကဖြောင့်စင်းတယ်
ဘေးအန္တရာယ်လည်းကင်းတယ်
မြင့်မားတဲ့အသိဉာဏ်တွေဖြစ်ပေါ်စေတယ်
ငြိမ်းအေးမှုနဲ့အတူချမ်းသာအစစ်ကိုတွေ့မြင်နိုင်တယ်
လမ်းအဆုံးမှာအိုနာသေခြင်းကင်းတဲ့လွတ်မြောက်မှုပန်းတိုင်ကိုရောက်သွားတယ်
@တဏှာလမ်းကကောက်ကွေ့တယ်
ဘေးအန္တရာယ်မျိုးစုံများပြားလှတယ်
အသိဉာဏ်တွေဝေဝါးပျောက်ဆုံးစေတယ်
ပူပင်သောကနဲ့အတူနောင်တတွေအလိုမပြည့်ခြင်းများဖြင့်သာ
လမ်းဆုံးသည်မရှိအိုနာသေနောင်တစ်ဖန်ဇာတိ
#ကြိုက်ရာလမ်းကိုလျောက်နိုင်တယ်
#လမ်းတွေကတော့သူ့လမ်းအတိုင်းပို့ဆောင်မှာပါပဲ
#လျောက်သူရဲ့ဆန္ဒနဲ့အားစိုက်မှုစိတ်နဲ့အသိဉာဏ်တို့အပေါ်မှာသာမူတည်တယ်
"လမ်း”
ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် လမ်းစကား ပြောနေကြသော ရဟန်းငါးရာတို့ကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။ဘုရားရှင်သည် ရဟန်းများစွာနှင့်တကွ ဒေသစာရီ လှည့်လည်တော်မူပြီးလျှင် ဇေတ၀န်ကျောင်းတော်သို့ ပြန်ရောက်သောအခါနောက်ပါရဟန်းများစွာတို့အထဲမှ ရဟန်းငါးရာတို့သည်တရားသဘင်၌ စုဝေးပြီးလျှင် လျှောက်လာခဲ့ရသော လမ်းကြောင်းတို့၏ အဆိုးအကောင်းကို ပြောဆိုနေကြ၏။ထိုစဉ်တွင် ဘုရားရှင် ကြွလာတော်မူကာ အောက်ပါဒေသနာတော်ကိုဟောကြားတော်မူလေသတည်း။လမ်းကြောင်းအားလုံးတို့တွင် အင်္ဂါရှစ်ပါးရှိသော မဂ်လမ်းကြောင်းသည် အမြတ်ဆုံး ဖြစ်၏။သစ္စာအားလုံးတို့တွင် အရိယာသစ္စာလေးပါးသည် အမြတ်ဆုံး ဖြစ်၏။တရားအားလုံးတို့တွင် ရာဂကင်းရာ နိဗ္ဗာန်သည် အမြတ်ဆုံး ဖြစ်၏။အခြေနှစ်ချောင်းရှိသော သတ္တ၀ါအားလုံးတို့တွင် မြတ်စွာဘုရားသည် အမြတ်ဆုံး ဖြစ်၏။အင်္ဂါရှစ်ပါးရှိသော ဤမဂ်လမ်းကြောင်းသည်သာလျှင်ဉာဏ်အမြင် စင်ကြယ်ရေးအတွက် လမ်းကြောင်းအမှန် ဖြစ်၏။ဤမဂ်လမ်းကြောင်းမှတစ်ပါး အခြားလမ်းကြောင်း မရှိချေ။ထို့ကြောင့် သင်တို့သည် ဤမဂ်လမ်းကြောင်းသို့သာလျှောက်သွားကြကုန်လော့။ဤမဂ်လမ်းကြောင်းသည် မာရ်နတ်မင်း မမြင်နိုင်သော လမ်းကြောင်းပေတည်း။သင်တို့သည် ဤမဂ်လမ်းကြောင်းကို လျှောက်သွားကြကုန်သည်ရှိသော် ဆင်းရဲခြင်း၏ အဆုံးကို ပြုကြရကုန်လတ္တံ့။ငါဘုရားသည် ရာဂစသည် ဆူးငြောင့်ကင်းသော လမ်းကြောင်းကို ကိုယ်တိုင်သိ၍ သင်တို့အား မဂ်လမ်းကြောင်းကို ဟောကြားအပ်ပြီ။သင်တို့သည် ကိုယ်တိုင် အားထုတ်ကြကုန်လော့။ဘုရားရှင်တို့သည် လမ်းကြောင်းမှန်ကို ညွန်ပြရုံမျှသာ ဖြစ်ကုန်၏။ကျင့်ကြံကုန်လျက် ကိလေသာကို ရှို့မြှိုက်ကြသော သူတို့သည်သာ မာရ်နတ်မင်း၏ အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ကုန်၏။ဒေသနာတော်အဆုံး၌ ထိုရဟန်းငါးရာတို့ ရဟန္တာ ဖြစ်ကြလေကုန်၏။( ဓမ္မပဒ။ မဂ္ဂ၀ဂ် )
#မေတ္တာအားဖြင့်
#တိုးတိုး
Tuesday, November 6, 2018
Subscribe to:
Post Comments (Atom)
###ထိုနိဗ္ဗာန်သည်ရှိသည်သာတည်း### *********************** #ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိမြင်မှသာလျင်သဘောကျနိုင်ပါလိမ့်မည်။ *မှန်းဆ၍လည...
-
###မနောဝိညာဏဓာတ်အထူးသိတတ်သောစိတ်### **************** @#မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်စတဲ့အကြည်ဓာတ်ငါးမျိုးကမှန်လိုအရိပ်ထင်ပေးရုံ...
-
###ယောနိသောမနသိကာရ### *********************** @ ယောနိသောမနသိကာရ သင့်တင့်လျောက်ပါတ်စွာနှလုံးသွင်းခြင်း(လျော်စွာရှုခြင်း) သည်လွန်စွ...
-
###အယူစင်ကြယ်ခဲ့ပါမူ### ******************* @"ဒါမှန်တယ်" "ဒါမှအမှန်တရားစစ်စစ်" "မဟုတ်ဘူးမှားတယ်...

No comments:
Post a Comment