###ဤသို့မြင်သော်###
**********
@ဟိုဟိုဒီဒီအထင်တို့ကုန်ဆုံးလျက်ပကတိအရှိကိုအရှိအတိုင်းရှုမြင်ခြင်းအားကြီးလေသော်
#ဖြစ်လေသမျှသင်္ခါရတို့ရဲ့အသုံးမဝင်ခြင်း
#နှစ်သက်လိုခြင်းအလျဉ်းကင်းမပေါ်ပျောက်ဆုံးနေခြင်း
#ပကတိငြိမ်းချုပ်အသိမ်းအနုတ်မရှိထင်ရှားသန္တိအရှိတရားကိုမျက်မှောက်သိမြင်ခြင်း
#သင်္ခါရဓမ္မတို့၏ချုပ်ခြင်းအမှန်သိမြင်ရန်ကိုပေါ်လေသမျှဒွါရအာရုံသိပုံမှတ်မှုအစုစု၌သတိဦးစီးပညာတည်း၍အတ္တာအတ္တနိယခဝါချလျက်ရှင်းလင်းသိမြင်ရှုဉာဏ်တင်သည်ထိုသည်ကျင်ြ့ခင်းတည်း။
--------------------
တဿာနန္တရမေဝ မဂ္ဂေါ ဒုက္ခသစ္စံ ပရိဇာနန္တော သမုဒယသစ္စံ ပဇဟန္တော နိရောဓသစ္စံ သစ္ဆိကရောန္တော မဂ္ဂသစ္စံ ဘာဝနာဝသေန အပ္ပနာဝီထိမောတရတိ။ ဂေါတြဘုစိတ်ချုပ်ပြီး နောက် ကိစ္စလေးချက်ကို တစ်ပြိုင်နက် ပြီးစေတတ်သော မဂ်စိတ်ပေါ်လာ၏၊ ထင်ရှားစေအံ့-ဆီမီးသည် မီးစာကို လောင်ခြင်း, အမှောင်ကို ပယ်ခြင်း, အလင်းကို ပြခြင်း, ဆီကို ကုန်စေခြင်း ဤကိစ္စလေးချက်ကို တစ်ပြိုင်နက် ပြီးစေသကဲ့သို့, မဂ်တရားလည်း ဒုက္ခသစ္စာကို "ဤမျှသာ ရှိ၏, ဤလောကီ စိတ် စေတသိက် ရုပ်ထက် အပိုမရှိ" ဟု ပိုင်းခြား၍ သိခြင်းဟူသော ပရိညာကိစ္စ, သမုဒယသစ္စာ တဏှာ လောဘကို ပယ်စွန့်ခြင်း ဟူသော ပဟာနကိစ္စ, နိရောဓသစ္စာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဟူသော သစ္ဆိကရိယာကိစ္စ, မဂ္ဂသစ္စာကို မိမိသန္တာန်ဝယ် ဖြစ်ပေါ်၍ လာစေခြင်းဟူသော ဘာဝနာကိစ္စ, ဤကိစ္စလေးချက်ကို တစ်ပြိုက်နက် ပြီးစေနိုင်တော့သည်။
#မေတ္တာအားဖြင့်သာ
Tuesday, November 6, 2018
Subscribe to:
Post Comments (Atom)
###ထိုနိဗ္ဗာန်သည်ရှိသည်သာတည်း### *********************** #ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိမြင်မှသာလျင်သဘောကျနိုင်ပါလိမ့်မည်။ *မှန်းဆ၍လည...
-
###မနောဝိညာဏဓာတ်အထူးသိတတ်သောစိတ်### **************** @#မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်စတဲ့အကြည်ဓာတ်ငါးမျိုးကမှန်လိုအရိပ်ထင်ပေးရုံ...
-
###ယောနိသောမနသိကာရ### *********************** @ ယောနိသောမနသိကာရ သင့်တင့်လျောက်ပါတ်စွာနှလုံးသွင်းခြင်း(လျော်စွာရှုခြင်း) သည်လွန်စွ...
-
###အယူစင်ကြယ်ခဲ့ပါမူ### ******************* @"ဒါမှန်တယ်" "ဒါမှအမှန်တရားစစ်စစ်" "မဟုတ်ဘူးမှားတယ်...

No comments:
Post a Comment