Tuesday, November 6, 2018

###ဖြစ်ခြင်းဟူသမျှဆင်းရဲသာ###
        ________******__________
@ကာမဂုဏ်ချမ်းသာတွေခံစားနေတဲ့အခါကိုယ်ချမ်းသာစိတ်ချမ်းသာဖြစ်နေရတာကလည်းအမှန်ပါ။
***ဒါကြောင့်လည်းသာယာဖွယ်သဘောလို့ပညတ်ရတာပေါ့
***သူ့ချည်းလားဆိုတော့
#အပြစ်ကလည်းတွဲလျက်ပါလာတာပါပဲ
***အခိုက်အတန့်အတွင်းမှာပဲပျောက်ပျက်သွားကြတာကသူ့အပြစ်
***ပျောက်ပျက်သွားကြတာကိုပဲထပ်ထပ်အလိုရှိနေလို့ထပ်ထပ်ဖြစ်ပေါ်အောင်ကြိုးစားအားထုတ်နေရတာကပဲကိုယ်၏ပင်ပန်းခြင်းစိတ်၏ဆင်းရဲခြင်းတွေဖြစ်နေရပြန်တာ။အပြစ်အပေါ်အပြစ်တွေထပ်လုပ်မိနေတာပေါ့။သံသရာရှည်နေတာပေါ့။ခန္ဓာအာယတနတွေဆက်လက်ဖြစ်နေကြတာလို့ပဲသိစေအပ်ပါတယ်။

#အလုံးစုံသည်ရှိ၏လို့ယူလျင်အစွန်းတစ်ဖက်သို့ရောက်၏။
#အလုံးစုံသည်မရှိလို့ယူလျင်အစွန်းတစ်ဖက်သို့ရောက်၏။

***ဤသတ္တဝါအပေါင်းကိုကပ်ရောက်မှု"ဥပယ"ပြင်းစွာစွဲလမ်းမှု"ဥပါဒါန်"
နစ်မြုပ်စူးဝင်မှု"အဘိနိဝေသ"တို့သည်သတ္တဝါအပေါင်းကိုနှောင်ဖွဲ့အပ်၏။

#အာရုံပေးဝတ္ထုအဆင်းအသံစသည်တို့၌သာစိတ်သည်အာရုံပြုသောအားဖြင့်ကပ်ရောက်နေခြင်း

#ဖြစ်ပေါ်နေလျက်ရှိသောအာရုံသိစိတ်တို့၌ငါဟုအတ္တနှလုံးသွင်းဖြင့်ငါ့ဥစ္စာဟူသောတဏှာတပ်မက်မှုဖြင့်ပြင်းစွာစွဲမှတ်ယူမှုဖြစ်ခြင်း

#အတွင်းအဇ္ဈတ္တမနောဝိညာဏထိရောက်အောင်အမှားထင်မှုနှလုံးသွင်းခြင်းသည်စူးနစ်ဝင်ရောက်နေခြင်း

***ထိုဖြစ်ခြင်းများဖြင့်တစ်စုံတစ်ရာအားရှိ၏ဟုလည်းယူလေ၏။
***ထိုဖြစ်ခြင်းများဖြင့်တစ်စုံတစ်ရာအားမရှိဟုလည်းယူလေ၏။
***မည်သို့ယူယူစွန်းသည်သာတည်း။
#အဘယ်ကြောင့်ဟူမူအမှားနှလုံးသွင်းကပ်ငြိမှုအထင်များကိုသာအကြောင်းပြုထားသောကြောင့်တည်း။

***စင်စစ်လောက၌ဖြစ်ခြင်းဟူသမျှသည်မျက်စိနားစသည့်အာယတနတို့ကိုသာအခြေခံလေ၏။
***"ရှိ""မရှိ"စသည်များသည်လည်းထိုအာယတနဖြစ်ခြင်းတို့အပေါ်၌သာပညတ်နေခြင်းဖြစ်၏။
***အခြေခံအကြောင်းတရားဖြစ်သောမျက်စိနားစသည့်အာယတနတို့၏ဖြစ်ခြင်းအမှန်သဘောကိုရှုမြင်သုံးသပ်နိုင်သည်ရှိသော်ချုပ်ခြင်းကိုသိမြင်နိုင်ပေ၏။

"ဖြစ်ခဲ့သော်ဆင်းရဲသာဖြစ်၏"
" ချုပ်ခဲ့သော်ဆင်းရဲသာချုပ်၏ "

#မျက်မှောက်၌စင်စစ်ဧကန်မြင်အပ်သောဓမ္မသဘာဝသဘောတို့ကို
ရှင်းလင်းထင်ရှားစွာသိမြင်နေသောအခါထိုအမြင်ကြောင့်တစ်စုံတစ်ရာကိုကပ်ငြိမှုသည်မဖြစ်တော့။

#မသိခြင်းကိုအကြောင်းခံ၍အားထုတ်လျက်ကပ်ငြိစူးဝင်နေမှုအားလုံးတို့သည်>>>မှန်စွာသိမြင်ခြင်း၏ရှင်းလင်းစွာပိုင်းခြားသိမြင်နိုင်သောသဘောအောက်၌ဖြစ်ခြင်းဟူသမျှသည်ချုပ်ခြင်းသာလျင်ရှိလေသည်ဟု
#မျက်မှောက်၌ပင်ထူးစွာသိလျက်အလုံးစုံ၌မကပ်ငြိပဲငြိမ်းအေးစွာနေနိုင်ကြောင်းကိုသိမြင်အပ်လေ၏။

    _______******________

###ကစ္စာန ဂေါတ္တသုတ်###
        -----******--------
၁၅။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်ကစ္စာနဂေါတ္တသည် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအာ့း ''အသျှင်ဘုရား မှန်သောအမြင် 'သမ္မာဒိဋ္ဌိ' မှန်သောအမြင် 'သမ္မာဒိဋ္ဌိ'ဟူ၍ ဆိုပါ၏၊ အသျှင်ဘုရား အဘယ်မျှဖြင့် မှန်သောအမြင် 'သမ္မာဒိဋ္ဌိ' ဖြစ်ပါသနည်း''ဟု ဤစကားကို လျှောက်၏။

ကစ္စာန ဤသတ္တဝါအပေါင်းသည် များသောအားဖြင့် ရှိသည်၏အဖြစ်ကိုလည်းကောင်း၊ မရှိသည်၏ အဖြစ်ကိုလည်းကောင်း နှစ်ပါးကို မှီ၏။ ကစ္စာန သင်္ခါရလောက၏ ဖြစ်ပေါ်ကြောင်းကိုဟုတ်မှန်သော အတိုင်း ကောင်းသော ပညာဖြင့် မြင်သော သူအား သင်္ခါရလောက၌ မရှိဟူသော အယူသည် မဖြစ်။ ကစ္စာန သင်္ခါရလောက၏ ချုပ်ငြိမ်းရာကိုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်သော သူအား (သင်္ခါရ) လောက၌ ရှိ၏ဟူသော အယူသည် မဖြစ်။ ကစ္စာန ဤသတ္တဝါအပေါင်းကို ကပ်ရောက်မှု 'ဥပယ'၊ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'၊ နစ်မြုပ်စူးဝင်မှု 'အဘိနိဝေသ'တို့သည် သတ္တဝါအပေါင်းကို များသောအားဖြင့် နှောင်ဖွဲ့အပ်၏။ ဤအရိယာတပည့်သည်ကား စိတ်၏ တည်ရာ နစ်မြုပ်စူးဝင်ရာ ကိန်းအောင်းရာဖြစ်သော ထိုကပ်ရောက်မှု 'ဥပယ'၊ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'ကို ''ငါ၏ အတ္တတည်း''ဟု မကပ်ရောက်၊ မစွဲလမ်း၊ မဆောက်တည်။ ''ဖြစ်ခဲ့သော်ဆင်းရဲသာဖြစ်၏၊ ချုပ်ခဲ့သော်ဆင်းရဲသာချုပ်၏''ဟု ယုံမှားမှု မရှိ၊ တွေး တောမှု မရှိ။ ဤအရာ၌ ထိုပုဂ္ဂိုလ်အား သူတစ်ပါးကို အားထား၍ ယုံကြည်သည် မဟုတ်၊ (ကိုယ်တိုင်) သိခြင်းသာ ဖြစ်၏။ ကစ္စာန ဤမျှဖြင့် မှန်သောအမြင် 'သမ္မာဒိဋ္ဌိ' ဖြစ်၏။

ကစ္စာန ''အလုံးစုံသည် ရှိ၏''ဟူသော ဤအယူသည် တစ်ခုသော အစွန်းပေတည်း၊ ''အလုံးစုံသည် မရှိ''ဟူသော ဤအယူသည်လည်း နှစ်ခုမြောက်ဖြစ်သော အစွန်းပေတည်း။ ကစ္စာန ဤနှစ်ပါးသော အစွန်းတို့ကို မကပ်ရောက်မူ၍ အလယ်အလတ်အားဖြင့် မြတ်စွာဘုရားသည် တရားဟောတော်မူ၏၊ မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပေါ်၏၊ မသိမှု 'အဝိဇ္ဇာ'၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ခြင်းကြောင့် သိမှု 'ဝိညာဏ်' ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။

ပဉ္စမသုတ်။

No comments:

Post a Comment

###ထိုနိဗ္ဗာန်သည်ရှိသည်သာတည်း###         *********************** #ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိမြင်မှသာလျင်သဘောကျနိုင်ပါလိမ့်မည်။ *မှန်းဆ၍လည...