###သတိရှိသည်ဖြစ်၍နေထိုင်ရာ၏###
**********************
@ဖုံးကွယ်ထားလျင်တော့မှောင်နေမှာပါပဲ
ကိုယ့်ကိုယ်ကိုလည်းအကောင်းထင်တတ်ကြတာပါပဲ
မေ့မေ့လျော့လျော့ပေါ့ပေါ့ဆဆပျော်ပျော်ပါးပါးနှစ်သက်ချစ်ခင်နေချင်တတ်ကြတာလည်းအလေ့အထုံများလို့အကျင့်တွေပါနေကျ။
#အဲဒါတွေကြောင့်ပဲဘေးသင့်နေကြတာ။
_/|\_ပေါ့ပေါ့မထင်နဲ့
***"အဝိဇ္ဇာ"အမှောင်ဖုံးလို့"မစ္ဆရိယ""ပမာဒ"စပ်ပြီး"တဏှာ"အထပ်ထပ်လိမ်းနေတဲ့သင်တို့ရဲ့အဖြစ်ဟာသံသရာဘေးဆိုးကြီးမှာဒုက္ခတွေချည်းသာဟုဘုရားရှင်မိန့်ခဲ့လေပြီ။
#မြင်သမျှကြားသမျှတွေမှာပြင်းထန်တဲ့အဟုန်နဲ့အလျင်အမြန်စီးဆင်းတတ်တဲ့တဏှာကိုမဖြတ်နိုင်ဘူးလို့ထင်ပြစ်လိုက်မလား ? ? ?
မလွယ်ပါဘူးကွာလို့သုံးသပ်မှုမပြုပဲဆုံးဖြတ်လိုက်မလား ? ? ?
###မြတ်ဘုရားရဲ့လမ်းညွှန်ဟောဖော်ပြမှုတွေကိုအတွေးအကြံကင်းကင်းစိတ်ရှင်းရှင်းနဲ့လိုက်နာကြည့်ပါဦးလေ။
#တဏှာအလျဉ်ကိုသတိသည်တားဆီးနိုင်၏။
*သေချာသုံးသပ်
အာယတနတို့ရဲ့ဆုံမှတ်
အာရုံကိုသိတဲ့စိတ်
ယှဉ်တွဲပေါ်တဲ့ဝေဒနာသညာမနသိကာရ
နှလုံးသွင်းခြင်းမှာဤဟာသည်ရှုမြင်အပ်သည့်တရားဟုသတိကိုအဦးအစီးပြုခဲ့ပါလျင်ထပ်ယှဉ်မည့်လောဘ(တဏှာ)သည်ဝင်ရန်နေရာမရှိ
"သတိ"ကနေရာယူထားသည်ဖြစ်၍တဏှာအတွက်နေရာမရှိ
#ထိုစိတ်၏အခြေအနေမှန်ကိုသုံးသပ်နိုင်စွမ်းပညာ
*သတိဖြင့်ရှုမြင်သည့်ဖြစ်ခိုက်စိတ်အခြေအနေတစ်ရပ်သည်ရှုခိုက်၌ပင်ချုပ်နှင့်ပြီးဖြစ်သဖြင့်သိမြင်ခွင့်သည်
်မရှိခြင်းသဘောလက္ခဏာမျှသာပြလေ၏။
>ထိုအခိုက်၌ယှဉ်၍ဖြစ်အပ်သောသညာသဘောဝေဒနာသဘောတို့သည်လည်းထိုအရှုခံအာရုံသိစိတ်နှင့်အတူချုပ်ပြီးဖြစ်လေ၏။
>>ထိုအခိုက်၌တဏှာသည်မပေါ်သောအားဖြင့်ချုပ်ပြီးသားတရားသာလျင်ဖြစ်၏။
>>>ထိုရှုမြင်သုံးသပ်ခြင်းပညာသည်သတိဦးစီးရှုအပ်ခြင်းကြောင့်တဏှာအားဖြစ်ပေါ်ခွင့်မရစေပဲမပေါ်သောအားဖြင့်ချုပ်နှင့်ပြီးတရားအဖြစ်စောင့်စည်းပိတ်ဆို့ထားနိုင်ကြောင်းသိမြင်လေ၏။
#ထိုသို့အားဖြင့်"သတိ""ပညာ"အားကြီးလာသည်ရှိသော်တဏှာအလျဉ်ပြတ်ချေသည်သာတည်း။
#တဏှာစင်သောစိတ်
*အာရုံအာယတနတို့၌ကပ်ညိမှုကင်းသောစိတ်သည်ကိလေသာတို့မှလွတ်မြောက်လေ၏။
ကိလေသာကင်းလျက်စင်ကြယ်သောစိတ်သည်နိဗ္ဗာနဓါတ်ဖြင့်ထိတွေ့ခွင့်ရ၏။
ထိုနိဗ္ဗာန်တရား၌ကားရုပ်သဘောနာမ်သဘောခန္ဓာသဘောတို့အလုံးစုံချုပ်ငြိမ်းကုန်လျက်ငြိမ်းအေးခြင်းသဘောသက်သက်မျှသာကိုစင်ကြယ်သောစိတ်ဖြင့်သိလျက်နေ၏။
ထိုစိတ်အခြေအနေ၌ကုသိုလ်အကုသိုလ်စသည့်သင်္ခါရစိတ်မှန်သမျှအလုံးစုံကင်းစင်လျက်ငြိမ်းခြင်းသဘောတရားသက်သက်ကိုသိနေသည့်စင်ကြယ်နေသောစိတ်မျှသာဖြစ်လေ၏။
#ထိုအသိတရားဖြင့်ပြည့်စုံသွားသောစိတ်သည်
ဘယ်သောအခါဘယ်သောအခြေအနေမှာဖြစ်စေတရားအားလုံးတို့၌သဘောအမှန်ကိုသိလျက်မေ့လျော့ခြင်းကင်းစွာငြိမ်းအေးစွာနေနိုင်ကြလေကုန်၏။
____ ____ _____
###အဇိတမာဏဝပုစ္ဆာ
၁ဝ၃၉။ (အဇိတသည် ဤသို့ မေးလျှောက်၏) -
လောကကို အဘယ်တရားက ဖုံးလွှမ်းထားပါသနည်း၊ လောကသည် အဘယ်တရားကြောင့် မထင်ရှားပါသနည်း၊ အဘယ်တရားကို လိမ်းကျံကပ်ငြိတတ်သောတရားဟု ဟောတော်မူပါ သနည်း၊ အဘယ်တရားသည် ထိုလောက၏ ဘေးကြီး ဖြစ်ပါသနည်း။ (၁)
၁ဝ၄ဝ။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -
အဇိတ လောကကို မသိမှု 'အဝိဇ္ဇာ' က ဖုံးလွှမ်းထား၏။ မိမိအားသာ ဖြစ်စေလို၍ သူတစ်ပါးအား မဖြစ်စေလိုမှု 'မစ္ဆရိယ'နှင့် မေ့လျော့မှု 'ပမာဒ' တရားကြောင့် လောကသည် မထင်ရှား၊ မြည်တမ်းကြောင်း (တဏှာ) ကို (လောကကို) လိမ်းကျံ ကပ်ငြိတတ်သောတရားဟု ငါ ဆို၏။ သံသရာဝဋ် (ဒုက္ခ)သည် ထိုလောက၏ ဘေးကြီး ဖြစ်၏။ (၂ဝ)
၁ဝ၄၁။ (အဇိတသည် ဤသို့ မေးလျှောက်၏) -
အာယတနအားလုံးတို့၌ တဏှာအလျဉ်တို့သည် စီးကုန်၏။ တဏှာအလျဉ်တို့ကို အဘယ်တရားသည် တားမြစ်ပိတ်ပင်နိုင်ပါသနည်း၊ တဏှာအလျဉ်တို့ကို စောင့်စည်း ပိတ်ဆို့နိုင်သောတရားကို ဟောတော်မူပါလော့၊ အဘယ်တရားက တဏှာအလျဉ်တို့ကို စောင့်စည်းပိတ်ဆို့နိုင်ပါသနည်း။ (၃)
၁ဝ၄၂။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -
အဇိတ လောက၌ စီးသွားကုန်သောတဏှာအလျဉ်တို့ကို အောက်မေ့မှု 'သတိ'သည် တားမြစ်ပိတ်ပင်နိုင်၏။ တဏှာအလျဉ်တို့ကို စောင့်စည်းပိတ်ဆို့နိုင်သောတရားကို ငါဆိုအံ့၊ ပညာက ထိုတဏှာအလျဉ်တို့ကို စောင့်စည်းပိတ်ဆို့နိုင်၏။ (၄)
၁ဝ၄၃။ (အဇိတသည် ဤသို့ မေးလျှောက်၏) -
အသျှင်ဘုရား ပညာသည်လည်းကောင်း၊ သတိသည်လည်းကောင်း၊ နာမ်ရုပ်သည် လည်းကောင်း ရှိပါ၏။ ဤပညာ သတိ နာမ်ရုပ်တရားသည် အဘယ်၌ ချုပ်ပါသနည်း၊ မေးအပ်သော အသျှင်ဘုရားသည် ဤအကြောင်းကို အကျွန်ုပ်အား ဟောတော်မူပါလော့။ (၅)
၁ဝ၄၄။ အဇိတ သင်မေးအပ်သော အမေးပြဿနာကို ငါ ဖြေအံ့၊ အကြင်နိဗ္ဗာန်၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း အကြွင်းမဲ့ ချုပ်၏။ ကုသိုလ်ကံ အကုသိုလ်ကံ ဟူသော အဘိသင်္ခါရဝိညာဏ်၏ ချုပ်ရာ နိဗ္ဗာန်၌ ဤနာမ်ရုပ်သည် ချုပ်၏။ (၆)
၁ဝ၄၅။ မြတ်စွာဘုရား ဤလောက၌ အကြင်ပုဂ္ဂိုလ်တို့သည်ကား တရားကိုသိပြီးသော ရဟန္တာပုဂ္ဂိုလ် ဖြစ်ကုန်၏။ များစွာသော အကြင်ပုဂ္ဂိုလ်တို့သည်ကား ကျင့်ဆဲ 'သေက္ခ' ပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်တို့၏ အကျင့်ကို မေးအပ်သော ရင့်ကျက်သော ပညာရှိတော်မူသော အသျှင်ဘုရားသည် အကျွန်ုပ်အား ဟောတော်မူပါလော့ (ဟု လျှောက်၏)။ (၇)
၁ဝ၄၆။ ရဟန်းသည် ကာမတို့၌ မတပ်မက် မတွယ်တာရာ၊ စိတ်ညစ်ညူး နောက်ကျုသူ မဖြစ်ရာ၊ တရားအားလုံးတို့၌ လိမ္မာသည် သတိရှိသည်ဖြစ်၍ နေထိုင်ရာ၏ဟု (ဟောတော်မူ၏)။ (၈)
ရှေးဦးစွာသော အဇိတမာဏဝပုစ္ဆာ ပြီး၏။
Tuesday, November 6, 2018
Subscribe to:
Post Comments (Atom)
###ထိုနိဗ္ဗာန်သည်ရှိသည်သာတည်း### *********************** #ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိမြင်မှသာလျင်သဘောကျနိုင်ပါလိမ့်မည်။ *မှန်းဆ၍လည...
-
###မနောဝိညာဏဓာတ်အထူးသိတတ်သောစိတ်### **************** @#မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်စတဲ့အကြည်ဓာတ်ငါးမျိုးကမှန်လိုအရိပ်ထင်ပေးရုံ...
-
###ယောနိသောမနသိကာရ### *********************** @ ယောနိသောမနသိကာရ သင့်တင့်လျောက်ပါတ်စွာနှလုံးသွင်းခြင်း(လျော်စွာရှုခြင်း) သည်လွန်စွ...
-
###အယူစင်ကြယ်ခဲ့ပါမူ### ******************* @"ဒါမှန်တယ်" "ဒါမှအမှန်တရားစစ်စစ်" "မဟုတ်ဘူးမှားတယ်...

No comments:
Post a Comment